ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် GE International Inc အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် GE International Inc အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့တွင် လျှပ်စစ်စွမ်းအင်၏ အရေးပါမှုများ၊ ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊  ဇူလိုင်လ ၅ ရက်

 

Standard (Image)