ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်အေး GE International Inc အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးနှင့် ကော်မတီအဖွဲ့ဝင်များသည် GE International Inc အဖွဲ့အား ယနေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့တွင် လျှပ်စစ်စွမ်းအင်၏ အကျိုးသက်ရောက်မှုများ၊ ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊  ဇူလိုင်လ ၅ ရက်

 

 

Standard (Image)