ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) မှ Policy and Legal Advisor ဖြစ်သူ Mr. Michael Oomen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ် ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အခွန်ဆိုင်ရာဥပဒေရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်ထွန်း၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇော်မြင့်ဖေ၊ ဦးမောင်တိုးနှင့် ကေ်ာမရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်
