ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်အခြေစိုက် GE ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr.John G.Rice အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စုအခြေစိုက်၊ General Electric (GE) ကုမ္ပဏီမှ ဒုတိယ ဥက္ကဋ္ဌ Mr. John G. Rice ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်၊စွမ်းအင်၊ ကျန်းမာရေးနှင့် လေကြောင်းပို့ဆောင်ရေး ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကူညီမှုများ၊ မြန်မာ့ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးမောင်တိုး၊ ဦးသိန်းလွင်၊ ဦးကြည်သာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

Standard (Image)