ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၈.၅.၂၀၂၀)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ မေလ  ၁၈  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို ၂၀၂၀  ပြည့်နှစ်၊ မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၃၇၉ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          ( က )  အစားထိုးပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်()ဦး သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့သည်။

          ( )   ကြယ်ပွင့်ပြမေးခွန်း ()ခု မေးမြန်းဖြေကြားခြင်း

                    ()   ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ်က မေးမြန်းသော ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ဆက်သွယ် ထားသော လမ်းမကြီးကို ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်မိန်ကုမ္ပဏီမှ ဆောင်ရွက်သော လမ်းပိုင်းပျက်စီး မှုများပြုပြင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် ထိန်မိန်ကုမ္ပဏီနှင့် ညှိနှိုင်းလျက်ရှိပြီး COVID-19 အလွန်ကာလများတွင် ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    ()    ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်က  မေးမြန်းသော ဒိုက်ဦးမြို့နယ်၊ မှော်အင်း ကျေးရွာအုပ်စု၊ မှော်အင်းကျေးရွာ ရွာလယ်လမ်းမကြီး အရှည်()မိုင်ခွဲခန့်ရှိသော မြေသားလမ်းအား ဂဝံလမ်းအဖြစ်သို့ ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများတွင် ပြည်ထောင်စုရန်ပုံငွေ၌ ထည့်သွင်းလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌)   ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်က မေးမြန်းသော မြစ်သား မြို့နယ်တွင် အရေးပါသော ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်းလမ်းအား ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်းကာလများတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ၌ ထည့်သွင်းလျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      ()   ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က မေးမြန်းသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းပြီးမြောက်သည့် သင်တန်းသား၊ သင်တန်းသူများကို ကျောင်းဆင်းပြီးနောက် အခြေခံပညာကျောင်း များတွင် ကျောင်းသားကျောင်းသူများ၊ အားကစားနှင့် ကာယပညာ သင်ကြား နိုင်ရန်အတွက် အခြေခံဝန်ထမ်းနေရာ ခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီး ဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အားကစား နှင့် ကာယသင်ကြားနိုင်ရန်အတွက် ကာယဆရာ၊ ဆရာမအဖြစ် ခန့်အပ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    ()   ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်က မေးမြန်းသော  နန်းယွန်းမြို့နယ် ကျန်းမာရေး ဌာနတွင် လိုအပ်လျက်ရှိသော ဆရာဝန်များနှင့် ဝန်ထမ်းများအား ဖွဲ့စည်းပုံအတိုင်း မည်သည့်အချိန်တွင် အပြည့်အဝခန့်အပ်ထားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့ကျန်းမာရေးအပိုင်းတွင် လုံလောက်သော်လည်း ကုသရေး အပိုင်းတွင် လိုအပ်လျက်ရှိပါကြောင်းနှင့် ဖွဲ့စည်းပုံအရ အမျိုးသမီးကျန်းမာရေး ဆရာမအနေဖြင့် () ဦး လစ်လပ်လျက်ရှိပြီး သားဖွားဆရာမများအနေဖြင့် (၁၅) ဦး လစ်လပ်ပါသဖြင့် လိုအပ်လျှင်ခန့်ထားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    ()   ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က မေးမြန်းသော ပြည်သူ့ဆေးရုံများတွင် ပြည်သူများ လာရောက်ဆေးကုသမှုခံယူသောအခါ၌ ပြည်သူများအတွက် အခမဲ့ ကုသခွင့်ပေးသည့် ဆေးနှင့်ဆေးပစ္စည်းများ ရှိ၊ မရှိနှင့် အခမဲ့အသုံးပြုခွင့် ပေးထား သော ဆေးနှင့်ဆေးပစ္စည်းများကို ဆေးရုံများတွင် ပြည်သူများ သိရှိစေရန် ရေးသား ဖော်ပြထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အခမဲ့ရနိုင်သည့် ဆေးဝါးများ အမည်စာရင်းအား အများပြည်သူများမြင်အောင် ကပ်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၄--၂၀၁၈ ရက်နေ့တွင် ညွှန်ကြား ထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    ()   ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က မေးမြန်းသော ကောလင်းမြို့နယ်၊ တုံးတင်တပ်ကျေးရွာ၊ ဥမင်ကုန်းကျေးရွာ၊ ဖလဲကျေးရွာနှင့် ဉသျှစ်ပင်ကျေးရွာ တို့အတွက် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ ချပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဥသျှစ်ပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲရှိပြီး ဖြစ်ပါကြောင်း၊ တုံးတင်တပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း ချပေး နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ထုံးလုပ်နည်း၊ မူဝါဒ၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး မူဝါဒအသစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဥမင်ကုန်းကျေးရွာနှင့် ဖလဲကျေးရွာတို့မှာ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ရန် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

            ()    ဥပဒေကြမ်း ()ခု တင်သွင်းခြင်းနှင့်အစီရင်ခံစာဖတ်ကြားခြင်း

              ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၀--၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

             ()   ဥပဒေကြမ်း()ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

                              အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသား စာကြည့်တိုက်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် ဥပဒေကြမ်းကော်မတီ၏ ထပ်မံပြင်ဆင်ချက်()ချက်နှင့် အမျိုးသား         လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင် အတည်ပြုချက်အတိုင်း ထားရှိသင့်သည့် အချက်()ချက် စုစုပေါင်းအချက်() ချက်ကို  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ(က)နှင့်()တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၁၉--၂၀၂၀ ရက် (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။