ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Ms. Annika Mariana Elisabet Rachel Ben David နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လူ့အခွင့်အရေးအထောက်အကူပြု ဥပဒေများရေးဆွဲနေမှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဆွီဒင်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီးနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Mr Staffan Herrstrom ၊ ရန်ကုန်မြို့ အခြေစိုက် ဆွီဒင်သံရုံး တာဝန်ခံ သံမှူးကြီး Mr Johan Hallenborg နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်
