(ည)-ရွှေတောင်မြို့နယ်အတွင်းရှိဝါးတောသာ၊အင် ငူ၊ပေါင်းချုပ်၊ ကြိုးကြာကန်လမ်းမှ(၇ မိုင် ၂ ဖာလုံ) လမ်းနှင့်ကညမ်း၊ဆိတ်ကြီး၊ကျွဲတလင်း၊ ဖောင်းဖြူ၊ ကျွဲသေရှိ(၆ မိုင် ၅ ဖာလုံ)လမ်းအားကျောက်ချော လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

ရွှေတောင် မြို့နယ်အတွင်းရှိ ဝါးတောသာ၊ အင်ငူ၊ ပေါင်းချုပ်၊ ကြိုးကြာကန်လမ်းသည် ၁၀ မိုင် ၂ ဖာလုံရှည်ပြီး ကျောက်ချောလမ်းအဖြစ် ၃ဒေါ်မြခွာညိုဦး (ရွှေတောင်) မိုင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိနေသော ၇ မိုင် ၂ ဖာလုံအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ၊ ကညမ်း၊ ဆိတ်ကြီး၊ ကျွဲတလင်း၊ ဖောင်းဖြူ၊ ကျွဲသေအပိုင်းသည် ၁၀ မိုင်ရှည်ပြီး ၃ မိုင် ၅ ဖာလုံသည် ကျောက်ချော လမ်း ခင်ပြီးဖြစ်ပါကြောင်း၊ ကျန် ၆ မိုင် ၅ ဖာလုံအား ကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ခြင်းရှိ/မရှိ၊  ဝါးတောသာမှ ကညမ်းအထိလမ်းသည် အချင်း ၃ ပေ၊ အရှည် ၂၅ ပေရှည်သော ပြွန်ငါးစင်းမှ ခုနစ် စင်းအထိ လိုမည်ဖြစ်ပြီး ယင်းတို့ကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ထိုလမ်းပိုင်းရှိ ဆိတ်ကြီးရွာမှ ရင်းမူကုန်းအုပ်စု ကုန်းတန်းရွာကို ဆက်သွယ်ထားသောလမ်းသည် ၁ မိုင် ၆ ဖာလုံရှည်သော မြေသား လမ်းဖြစ်ပြီး ယင်းကို ပြွန်သုံးခုပါရှိသော ကျောက်ချောလမ်းခင်းပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း။ ထိုလမ်းပိုင်းများမှာ တစ်ဆက်တည်းဖြစ်သွားပြီး ကျေးရွာအုပ်စု ၁၃ အုပ်စု အသုံးပြုနေရသော လမ်းဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ ဝါးတော သာကျေးရွာမှ အတွင်းပိုင်းကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး မိုးညိုမြို့နယ် လက်ပန်ကုန်းအုပ်စု ညောင်ပင်ကားရားကျေးရွာအထိ ပေါက်သွားသည့် ခရိုင်ချင်းဆက်လမ်းဖြစ်ပါကြောင်း၊ အတွင်းပိုင်း ကျေးရွာအုပ်စုများမှ မြို့ပေါ်ကို တက်လာရန် ထိုလမ်းကို အသုံးပြု ကြရပါကြောင်း၊ ၂၀၁၃-၁၄ ဘတ်ဂျက်ဖြင့် ဝါးတောသာ-ကြိုးကြာကန်လမ်းပိုင်းတွင် သဲကြီးကုန်းမှ ထန်းပင်ကုန်းအထိ ၃ မိုင်၊ ကညမ်း-ကျွဲသေလမ်းပိုင်းတွင် ဆိတ်ကြီးမှ ကညမ်းအထိ ၃ မိုင် ၅ ဖာလုံ ကျောက်ချောလမ်းခင်းထားရာ အပိုင်းပိုင်းဖြစ်နေပြီး လူသွားလူလာများသော လမ်းပိုင်းသည် မြေနီလမ်း၊ မြေသားလမ်းများဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ရာသီစုံအသုံးပြုနိုင်သော ကျောက်ချောလမ်း အဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ဝါးတောသာ-အင်ငူ-ပေါင်းချုပ်-ကြိုးကြာကန်လမ်းသည် အရှည် ၁၀ မိုင် ၂ ဖာလုံ အကျယ် ၁၆ ပေရှိ မြေသားလမ်းဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၃ မိုင် ဆောင်ရွက်ပြီးဖြစ်၍ ကျန်လမ်း ၇ မိုင် ၂ ဖာလုံအား ၁၀ ပေ အကျယ် ကျောက်ချောလမ်း ဆောင်ရွက်ပါက ငွေကျပ် ၅၁၄.၀၈၅ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၄၅ ရွာ၊ အိမ်ခြေ ၄၆၅၀၊ လူဦးရေ ၁၅၆၀၀ ဦးတို့အား အကျိုးပြု ပါကြောင်း၊ ဒုတိယလမ်းဖြစ်သည့် ရွှေတောင်မြို့နယ် ကညမ်း-ဆိတ်ကြီး-ကျွဲတလင်း-ဖောင်းဖြူ-ကျွဲသေလမ်းသည် အရှည် ၁၀ မိုင်၊ အကျယ် ၁၆ ပေရှိ မြေသား လမ်းဖြစ်ပြီး ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၃ မိုင် ၅ ဖာလုံ ဆောင်ရွက်ပြီးဖြစ်သဖြင့် ကျန်လမ်း ၆ မိုင် ၃ ဖာလုံအား ၁၀ ပေအကျယ် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပါက ငွေကျပ် ၄၅၂.၀၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၉၇၂၊ လူဦးရေ ၈၄၈၅ ဦးတို့အား အကျိုးပြုပါကြောင်း၊ အဆိုပါလမ်းပေါ်တွင် ရေကျော်နှစ်စင်းအတွက် ငွေကျပ် ၉၅ သန်း၊ ကွန်ကရစ်တံတားတစ်စင်း ငွေကျပ် ၁၂ သန်းနှင့် စုစုပေါင်းငွေကျပ် ၁၀၇ သန်း အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊

ရွှေတောင်မြို့နယ် ဝါးတောသာ-ကညမ်းလမ်းသည် ရေပြွန် ၇ စင်း လိုအပ်မည်ဖြစ်ပြီး အဆိုပါ ရေပြွန် ၇ စင်းဆောင်ရွက်ပါက ငွေကျပ် ၁၇.၅ သန်းခန့် ကုန်ကျ မည်ဖြစ်ပြီး ကျေးရွာ ၅၅ ရွာ၊ အိမ်ခြေ ၆၆၂၂၊ လူဦးရေ ၂၄၀၈၅ ဦးတို့အား အကျိုးပြုပါကြောင်း၊ ရွှေတောင်မြို့နယ် ကုန်းတန်း-ဆိတ်ကြီးလမ်းအား အရည် ၁ မိုင် ၆ ဖာလုံ၊ အကျယ် ၁၆ ပေ ရှိမြေသား လမ်းဖြစ်ပြီး ၁၀ ပေအကျယ် ကျောက်ချောလမ်းခင်းရန် ငွေကျပ် ၁၂၄.၀၉ သန်း၊ ရေပြွန်သုံးစင်း ဆောင်ရွက်ရန် ငွေကျပ် ၇.၅ သန်း စုစုပေါင်းငွေကျပ် ၁၃၁.၅ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၉ ရွာ အိမ်ခြေ ၇၉၄ ရှိ လူဦးရေ ၃၁၆၀ ဦးတို့အား အကျိုးပြုပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တစ်တိုင်းလုံးအတွက် ရန်ပုံငွေကျပ် ၁၂၂၉၃.၇၀၄ လျာထားပါကြောင်း၊ ရွှေတောင်မြို့နယ်တစ်ခုလုံးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အတွက် ရန်ပုံငွေခွင့်ပြုငွေကျပ် ၃၆၁.၂၂၄ သန်း လျာထားပါကြောင်း၊ ထို့ကြောင့် ရွှေတောင်မြို့နယ်အတွင်းရှိ လမ်း ၃ လမ်းနှင့် ရေပြွန် ၃ စင်းအနက် ကညမ်း၊ ဆိတ်ကြီး၊ ကျွဲတလင်း၊ ဖောင်းဖြူ၊ ကျွဲသေ လမ်းပေါ်ရှိ ရေကျော် ၂ စင်း၊ ကွန်ကရစ် တံတား ၁ စင်းတို့အား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ဆောင်ရွက်ရန်လျာထားပြီး ကျန်လုပ်ငန်းများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါသဖြင့် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ် အလိုက် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဦးစားပေးလျာထားတင်ပြချက်များ အပေါ် မူတည်ပြီး လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။