ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr. John Bercow ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး ထွက်ခွာလာသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သည့် ပြည်သူ့လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံ London Heathrow အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီလ (၂၁) ရက်နေ့ ဒေသစံတော်ချိန် (၁၁း၄၀) နာရီအချိန်တွင် ရောက်ရှိသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း နှင့် သံရုံးဝန်ထမ်းများ၊ WFD London မှ တာဝန်ရှိသူများက London Heathrow လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်
Standard (Image)
