(ဋ)-သာစည်မြို့နယ်၊လှိုင်းတက်ကျေးရွာအုပ်စု၊စိုက် ပျိုးရေးကျေးရွာပိုင်မြေနေရာကိုဝန်ကြီးဌာနပိုင်မြေ အဖြစ်မှ စွန့်လွှတ်ပြီး ကျေးရွာပိုင်မြေနေရာ အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာ အုပ်စု စိုက်ပျိုးရေးကျေးရွာသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးသန်းစိုး (သာစည်)ဌာနပိုင်မြေဖြစ်ပြီး နေထိုင်သူအများစုသည် အစိုးရပိုင်စိုက်ပျိုးရေးခြံ အလုပ်သမား များဖြစ် ပါကြောင်း၊ စိုက်ပျိုးရေးကျေးရွာ တွင် အိမ်ခြေ ၂၁၉ အိမ်၊လူဦးရေ ၁၃၀၀ ကျော် နေထိုင်လျက်ရှိပါကြောင်း၊ ၎င်းကျေးရွာသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် အမည်ပေါက်ခွင့်ပြုမိန့် ရရှိပြီဖြစ်ကြောင်း၊ စိုက် ပျိုးရေးကျေးရွာတွင် လူများ တိုးပွားလာသဖြင့် အိုးအိမ်များ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်နေပါကြောင်း၊ ကျေးရွာပိုင်မြေနေရာမဟုတ်သည့်အတွက် အိုးအိမ်သစ်များဆောက် လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း၊ ဘာသာရေး အဆောက် အအုံများ ဆောက်လုပ်ခြင်း၊ ကျေးရွာပိုင် လျှပ်စစ်ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် အခက်အခဲများ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လှိုင်း တက်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးကျေးရွာပိုင်မြေနေရာတွင် လက်ရှိနေ ထိုင်သော ဧက ၃၀ နှင့် တိုးချဲ့မြေ ၁၅ ဧက စုစုပေါင်း ၄၅ ဧကအား ဝန်ကြီးဌာနပိုင် မြေအဖြစ် မှ စွန့်လွှတ်ပေးရန် နှင့် ကျေးရွာပိုင်မြေ အဖြစ်သို့ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိရှိ လိုပါကြောင်း မေးမြန်းခဲ့ပါသည်။


ဖြေကြားသူ
စိုက်ပျျုျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာအောင်သူမန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လှိုင်းတက်ဗဟိုစိုက်ပျိုး ရေးခြံကို မြေယာစီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းမှ ချည်မျှင်ရှည်ဝါသုတေသနပြုလုပ်ရန်နှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးရန် အတွက် ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင် လှိုင်းတက်ခြံ(၁)၊ လှိုင်းတက်ခြံ(၂)၊ ဓမ္မာခြံ၊ ဝါနှင့် ပိုးချည်ခြံနှင့် ရေအစက်ချခြံ၊  ခြံ ငါးခြံ ခွဲဝေသတ်မှတ်ခဲ့ပါကြောင်း၊ လှိုင်းတက် ဥယျာဉ်ခြံ(၂)အတွင်းတွင် ပါရှိသည့် ဥယျာဉ်ခြံမြေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြေယာလုပ်ပိုင်ခွင့်ရရှိထားသည့် မြေယာဖြစ်ပြီး မိတ္ထီလာခရိုင်၊ သာစည် မြို့နယ်၏ အရှေ့ဘက် ၁၁ မိုင်အကွာ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင်အမှတ် ၂၂ ၏အရှေ့ဘက်တွင် တည်ရှိပါကြောင်း၊ ခြံ၏မြေဧရိယာမှာ ၄၉၀.၂၀ ဧက ကျယ်ဝန်း ပါကြောင်း၊ ခြံဧရိယာ ၄၉၀.၂၀ ဧက ရှိသည့် အနက် ဌာနပိုင်မြေသည် ၂၃၈.၁၂ ဧကဖြစ်ပြီး သစ်တောမြေမှ ၂၅၂.၀၈ ဧက ဖြစ်ပါကြောင်း၊ မြေ အသုံးချမှုအခြေအနေကို မှ နှစ်ရှည်သီးနှံ ၇၅ ဧက၊ ရာသီသီးနှံ ၁၀၀.၁၂ ဧက၊ အခြား အသုံးပြုမြေအဆောက်အအုံ၊ လမ်း၊ ရေတွင်းရေကန်၊ ချောင်းက ၆၃ ဧက၊ သစ်တောမြေ ၂၅၂.၀၈ ဧက တို့ဖြစ်ပါကြောင်း၊ လှိုင်းတက်ခြံထဲတွင် နေထိုင်သူအများစုသည် အစိုးရပိုင်စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ပြီး စိုက်ခြံများတွင် နေ့စားလုပ်သားများအဖြစ် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအချိန်တွင် ခြံပြင်ပတွင်လည်း လုပ်ကိုင်နေကြပါကြောင်း၊ ခြံအတွင်း အလုပ်လုပ်နေသည့် အလုပ်သမားများ နေထိုင်ရေးအဆင်ပြေ စေရန် အလုပ်သမားတဲများ၊ ယာယီတဲများ၊ ဆောက်လုပ်နေထိုင်ခွင့်ပေးထားသည့် နေရာများသည် ရွာပုံစံ ဖြစ်ပေါ်လာပါကြောင်း၊ လူဦးရေ တိုးပွားလာသည့် အတွက် အိမ်ခြေပေါင်း ၂၁၉ အိမ်နှင့် လူဦးရေ ၁၃၀၀ ကျော် မှီတင်းနေထိုင်လျက်ရှိပြီး  ဌာနပိုင်ရေနှင့် မီးကိုလည်း သုံးစွဲလျက်ရှိပါကြောင်း၊  ယခု အခါ အဆိုပါအလုပ်သမားများက ရွာမြေအဖြစ် သတ်မှတ်ပေးရန် တင်ပြလာခြင်းဖြစ်ပါကြောင်း၊  ရွာမြေအဖြစ် ပြောင်းလဲရန်အတွက် အဆိုပါ နေထိုင်သူများ အနေဖြင့် ရွာတည်ဆောက်ပေးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနပိုင် လှိုင်းတက် စိုက် ပျိုးရေးခြံမှ မြေအချို့နှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ညွှန်ကြားချက်ပါ စွန့်လွှတ်မြေများ ပြန်လည် အပ်နှံခြင်းပုံစံများ ကို ဖြည့်စွက်ပြီး နိုင်ငံတော် သို့ ပြန်လည်အပ်နှံပေးရမှာဖြစ်ပါကြောင်း၊ ဌာနမှ စွန့်လွှတ်ချိန်တွင် စိုက်ပျိုးမြေဖြစ်နေသေးသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနသည် အဆိုပါမြေအား ရွာတည်ထောင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်/ခရိုင် တိုင်းဒေသကြီး လယ်မြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင်‌့သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ယခုလို ဆောင်ရွက် ပြီးသည့်နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ ရွာတည်ထောင်ရန် အတွက် မြန်မာနိုင်ငံတော် အောက် ပိုင်းမြို့နှင့် ကျေးရွာရှိ မြေယာလက်စွဲ ဥပဒေများနှင့် အညီ ကျေးရွာဖွဲ့စည်းခြင်း ကိစ္စကို ဆောင်ရွက်ရသည်နှင့် မြေတိုင်းတာခြင်းလုပ်ငန်းများ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့သည် ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် နယ်သတ် လက်စွဲ ဥပဒေနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ နယ်နိမိတ် သတ်မှတ် ရေး အရာရှိ နယ်သတ်ဝန်နှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ နယ်ကြား ဝန်ခန့် အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊  ညှိနှိုင်းချက်ရရှိပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လုပ်ထုံး လုပ်နည်းနှင့်အညီညှိနှိုင်းပြီး နယ်နိမိတ်သတ်မှတ်ရေးအရာရှိ နယ်သတ်ဝန်နှင့် နယ်နိမိတ်ကြပ်မတ် ရေးအရာရှိ နယ်ကြားဝန်တို့ကို ခန့်အပ်ပေးရမည် ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ အစီအစဉ် အတိုင်း ခန့်အပ်ပေးခဲ့သည့် နေရာတွင် နယ်နိမိတ်သတ်မှတ်ရေး အရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိ များသည် ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံ အောက်ပိုင်းမြို့နှင့် ကျေးရွာများတွင်ရှိသည့် မြေယာ လက်စွဲဥပဒေ ၏ နောက်ဆက်တွဲ(၂)တို့တွင် သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါလုပ်ငန်း အဆင့်ဆင့် ကိုလည်း စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ၎င်းတို့မှ ပဏာမ နယ်နိမိတ် သတ်မှတ် ခြင်းနှင့် မြေတိုင်းတာခြင်း၊ ပိုင်ဆိုင်ခွင့်စုံစမ်းခြင်းနှင့် နောက်ဆုံးနယ်နိမိတ်သတ်မှတ်ခြင်း၊ မြေပြင်တိုင်း တာခြင်း၊ ပိုင်ဆိုင်မှု စာရင်းများပြုစုခြင်း၊ မြေတိုင်းအကွက် Block အလိုက်၊ မြေတစ်ကွက်ချင်း၊ မြေကွက် အလိုက်၊ သတ်မှတ်ပုံစံများနှင့် ပိုင်ဆိုင်ခွင့်စုံစမ်းမှု (Tenure Equity) ပြုလုပ်ပြီး၊ ဦးပိုင်ခွဲခြင်း၊ ရွာမြေ စာရင်း ရေးဆွဲခြင်း တို့ကို ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက် ရန် အတွက် လိုအပ်သည့်ဘဏ္ဍာငွေကြေးများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်များမှ ကျခံသုံးစွဲရမည်ဖြစ်ပြီး သတ်မှတ်လျာထားချက် တွင် ပါဝင်ခြင်းမရှိပါက အနီးဆုံးဘဏ္ဍာရေးနှစ်၏ ရန်ပုံငွေခွင့်ပြုချိန်တွင် ထည့်သွင်း လျာ ထားတောင်းခံ ရမည်ဖြစ်ပါကြောင်း၊ ရွာမြေအဖြစ် သတ်မှတ်နေရာချ ထားဆောင်ရွက်ပြီးပါက လည်း မြန်မာနိုင်ငံတော် အောက်ပိုင်းရှိမြို့များနှင့်ကျေးရွာများတွင်ရှိသည့်မြေယာလက်စွဲဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ မြေကွက် အသီးသီး အတွက် သတ်မှတ်ငှားရမ်းခများကို ထမ်းဆောင်ရန် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ၎င်းအချက်များသည် ကျေးရွာမြေအဖြစ် သတ်မှတ်နိုင်ရန် အ တွက် ဆောင် ရွက်ရမည့် လုပ်ငန်း စဉ်များဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် လှိုင်းတက်ခြံတွင် ပဲတီစိမ်း၊ နေကြာ၊ ငရုတ်၊ ရုံးပတီ၊ ခရမ်း၊ ကြက်ဟင်းခါး၊ ခရမ်းချဉ်၊ တိုင်ထောင်ပဲနှင့် တိုင်လွတ်ပဲသီးနှံများ မျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်း ကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ အောက်မြန်မာ ပြည်အတွက် လှည်းကူမြို့နယ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံသုတေသန နှင့် ဖွံ့ဖြိုးရေးဗဟို ဌာနတို့မှ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထုတ်လုပ်ပေးသကဲ့သို့ လှိုင်းတက် ခြံကိုလည်း အ ထက် မြန်မာပြည်၏ ဟင်းသီးဟင်းရွက်မျိုးစေ့ ထုတ်ထုပ်ခြင်းနှင့် သုတေသနဗဟိုဌာနအဖြစ် ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း ၊

ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်မှချမှတ်ပေးသည့် မူဝါဒများနှင့်အညီ တောင်သူပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာဖြန့်ဖြူးပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင်‌့ သုတေသနလုပ်ငန်း များကို ဆောင်ရွက်ရန် တာဝန်ရှိ သကဲ့သို့ ကျေးရွာတည်ထောင်ခြင်းကိုလည်း ဆောင်ရွက်ပေးလိုပါ ကြောင်း၊ မြေယာများ၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနပိုင်မြေအဖြစ်မှ စွန့်လွှတ်နိုင်ခြင်းရှိ/မရှိ ကိစ္စနှင့် ပတ်သက်၍ ၊ လက်ရှိမြေနေ ရာသည် ဝန်ကြီးဌာနပိုင်မြေနေရာဖြစ်ခြင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးတစ်ခုလုံးအတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးစေ့များ ထုတ်လုပ်ပေးရန်နှင့်  စိုက်ပျိုးနည်းပညာများ သုတေသန ပြုလုပ်ရန် ရည်မှန်း ထား သည့် နေ ရာဖြစ်ခြင်း၊ရွာတည်ရှိသည့် နေရာသည် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ဧရိယာ ၏ အလယ်ဗဟိုတည့်တည့်နေရာတွင်  တည်ရှိခြင်းတို့ကြောင့် နောင်ဆောင်ရွက်မည့် ဝန်ကြီးဌာန၏ စီမံခန့် ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် အခက် အခဲတွေ့နိုင်ပါကြောင်း၊ လက်ရှိနေထိုင်သူများသည်  စိုက်ပျိုး ရေးခြံလုပ်သားများနှင့် ခြံလုပ်သားဟောင်းများဖြစ်ပြီး ၁၉၅၇ ခုနှစ်မှစ၍ ခြံတွင်းနေထိုင်ခဲ့ သောသူများဖြစ်ခြင်း၊ ယခုအချိန် တွင် လူဦးရေ ၁၃၀၀ ကျော်နေထိုင်လျက် ရှိခြင်း၊ ကျေးလက်နေ ပြည်သူတို့၏ လူမှုဘဝမြှင့်တင်ရေးသည် နိုင်ငံတော်၏ မျှော်မှန်းချက်တစ်ခုဖြစ်ပြီး နိုင်ငံတော်က ဆောင်ရွက် လျက်ရှိခြင်းတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်ပါကြောင်း၊  ဝန်ကြီး ဌာနပိုင်မြေများ သို့မဟုတ် မိမိမပိုင်ဆိုင်သည့် မြေနေရာများတွင် ဝင်ရောက်နေထိုင် သည့်အလေ့အကျင့်ထက် ကောင်းမွန်သောအလေ့အကျင့်များရရှိစေသည့် အသွင်လက္ခဏာများ တိုးပွားမြှင့်တင်ရေးသည် နိုင်ငံ၏ ပုံရိပ်၊ လူမျိုး၏ ပုံရိပ် ကို မြှင့် တင်ပေးနိုင် မည်ဖြစ်ပြီး မိမိလူမျိုးအတွက် အရေးကြီးသလို နိုင်ငံ၏ဂုဏ်သိက္ခာလည်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် စွန့်လွှတ်ခြင်းမပြုနိုင်သော် လည်း နောင်လာမည့်ကာလများတွင် နိုင်ငံတစ်ခုလုံးအတွက် စဉ်းစားပြီး သင့်လျော်သည့် မူ ဝါဒများ ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး၎င်းမူဝါဒများချမှတ် ဆောင်ရွက်ပြီးပါက လက်ရှိ နေထိုင် သူများအတွက် သင်‌့လျော်သည့် အခြေအနေကောင်းတစ်ရပ် ဖန်တီးပေးနိုင် မည်ဖြစ်ပါကြောင်း ပြန် လည်ဖြေကြား ခဲ့ပါသည်။