(ဂ)-နန့်ကျဲချောင်း-ကျောက်ဆည်တာရိုးရေတိုက်စား ပျက်စီးခဲ့ခြင်းကြောင့် ပြန်လည် ပြုပြင်ပေးရန်အစီအ စဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၁၀.၆.၂၀၁၆)

မော်လူးဒေသသည် ကချင်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့၏ နယ်ခြားမြို့လေးဖြစ်ပြီး လူဦးရေ ၁၁၀၀၀၊ အိမ်ခြေ ၃၀၀၀ ခန့်နေထိုင်သောဒေါက်တာဒေါ်ပြုံး (အင်းတော်) လှပသည့်မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ မော်လူး၏အရှေ့ဘက် တစ်မိုင်ခန့်အကွာ ကရင်အမည်ရသည့် ရွာအနီးတွင် စီးနေသည့် နန့်ကျဲချောင်းကို လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကျော်ကတည်းက ဒေသခံလူထုမှ ကျောက်တုံးများနှင့် ဆောက်လုပ်ခဲ့၍ ကျောက်ဆည်ဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၇၆ ခုနှစ် မဆလအစိုးရမှ ထောက်ပံ့ငွေ ၇၀၀၀၀ ဖြင့် ဒေသခံလူများမှ လုပ်အား၊ ငွေအင်အားများဖြင့် အုတ်ရိုးကာဆည်အဖြစ်  အင်အားဖြည့်တင်းခဲ့ပါကြောင်း၊ ဆည်တွင် ချောင်းဖြတ်ရှည် ပေ ၂၀၀ ခန့်၊ ထု ၆ ပေ၊ အမြင့် ၁၂ ပေရှိပြီး ၎င်း ဆည်မှရေကို ရေမြောင်းငယ်များဖြင့် မော်လူးမြို့တွင် ဖြတ်စီးစေပြီးမှ လယ်ဧက ၃၀၀၀ ခန့်အတွက် ဆည်ရေသောက်ရေအဖြစ် အသုံးပြုပါကြောင်း၊ မြောင်းငယ်များမှ ရေကိုလည်း မီးဘေးကာကွယ်ရေးအတွက် ယနေ့ထိတိုင် အသုံးပြုနေကြရပါကြောင်း၊ ၂၄-၇-၂၀၁၅ ရက်နေ့ အဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့သော မိုးရေကြောင့် ကျောက်ဆည်တာရိုးမှ ရေထိန်းနံရံ မြေသားဘက် ပေ ၁၂၇ ပေ ရုတ်တရတ်ပြိုကျပွင့်ထွက်သွားပြီးနောက် သဘာဝရေဘေး သင့်ခဲ့ကြရပါကြောင်း၊ ရေနစ်မြုပ်မှုကြောင့် သိန်းရာပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ အချို့ရွာများတွင် ၁၀ ပေ အထက်နစ်မြုပ်ခဲ့သဖြင့် သောက်သုံးရေ နှစ်ရက်ခန့်ပြတ်လပ်ခဲ့သောကြောင့် အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရပါကြောင်း၊ ၎င်း နန့်ကျဲချောင်း-ကျောက်ဆည်တာရိုး ပျက်စီးမှုကို ယနေ့အထိ ပြန်လည်ပြင်ဆင်ခြင်းမရှိ သေးပါသဖြင့် မိုးရာသီတွင်လည်း ရေဘေးအန္တရယ် ကြုံတွေ့နိုင်ဖွယ်ရှိနေပါသဖြင့် မော်လူးရှိ နန့်ကျဲချောင်း-ကျောက်ဆည်တာရိုး ရေတိုက်စားပျက်စီးခဲ့မှုကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျျုျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာထွန်းဝင်း
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းနန့်ကျဲရေလွှဲဆည်နှင့် ဆက်စပ်အဆောက်အဦများ ပြန်လည်ပြုပြင် ပေးရန် လိုအပ်လျက်ရှိပြီး ခန့်မှန်းကုန်ကျငွေ ၆၅ သန်းခန့်ကုန်ကျမည်ဖြစ်ရာ အဆိုပါလိုအပ် ရန်ပုံငွေမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလရန်ပုံငွေစာရင်းတွင်  ပါဝင်ခြင်းမရှိပါသဖြင့် တိုင်းဒေသကြီးရန်ပုံငွေမှ လုပ်ငန်းပြောင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆည်ရေသုံးစွဲမှုကို ပြန်ပြီးကြည့်ရမည်ဆိုပါက ဆည်ရေကို ပြီးခဲ့သည့်ကာလများတွင် နွေစပါးစိုက်ရန် အားလုံးက ခေါင်းထဲတွင် စွဲမြဲနေကြပါကြောင်း၊ မိမိတို့ မိုးတွင်းတွင် တိုင်းပြည်၏ စိုက်ပျိုးရေဧကကို ကြည့်မည်ဆိုပါက မိုးတွင်းတွင် ၁၆ သန်း နှင့် နွေတွင် ၂ သန်း ခန့် စိုက်ပျိုးပါကြောင်း၊ သုံး၊ လေးသန်းလောက်ပါသည့် ဆည်ရေတွင်စိုက်သည့် လယ်သမားများ၏ အနေအထားသည် ရေနှင့်ပတ်သက်ပြီး မိုးမလာသည့်အခါတွင် ရေကိုအားကိုးရာမဲ့ ဖြစ်ပါကြောင်း၊ ဆည်ကြီးများ ဘေးနားတွင်ရှိသော်လည်း ဆည်ရေကို သုံးစွဲရကောင်းမှန်း မသိကြပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အသစ်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပြီး ဧကအများစု ကိုယ်စားပြုနေသည့် မိုးတွင်းစိုက်ဧကအားလုံး စပါးစိုက်ရမည် စိုက်သည့်စပါးတိုင်းသည် ၎င်း ဆည်ရေကို အပြည့်အဝလိုလျှင် လိုသည့်အခါ စိုက်ရေ၊ ပျိုးထောင်ရေ၊ အဆင့်အသီးသီးတွင် ပါဝင်သဖြင့် လယ်သမားအသီးသီး၏ ရေကိုလိုအပ်သည့်အချိန်တွင် ပေးနိုင်အောင် အမိန့်များထုတ်ပြန်ပါကြောင်း၊  ဆည်မြောင်းဌာနအနေဖြင့် ဒီရေကို လယ်သမားများ အချိန်မရွေးအသုံးပြုနိုင်အောင် အရင်လို စိုးရိမ်ကြောင်းကြ ထိတ်လန့်မှု များမရှိဘဲ လိုအပ်သလို သုံးနိုင်အောင် အမိန့်များထုတ်ပြန်ပြီး လုပ်ဆောင်ကြရပါကြောင်း၊ နွေတွင် ၁၅ သန်းခန့် စိုက်မည်ဆိုပါက မိမိတို့မှ စိုးရိမ်စရာရှိပါကြောင်း၊ နွေတွင် မနှစ်က ၂ သန်း၊ ၂ သန်းခွဲ ရှိပါကြောင်း၊ မသေချာ မရေရာသည့် နွေအတွက်ကို စိုးရိမ်ပူပန်ပြီး ဆည်ရေကိုလှောင်ထားပြီး လယ်သမားများကို ယခုလိုမျိုး အကာအကွယ် အတားအဆီးများ၊ လယ်သမားများ ကြောက်ရွံ့ထိတ်လန့်မှုနှင့် ဆည်ရေများကို သုံးစွဲရကောင်းမှန်းသိရှိအောင် လွှတ်တော် ကိုယ်စားလှယ်ကြီးများမှ မိမိတို့သက်ဆိုင်ရာနယ်မြေရောက်ရှိလျှင် လွတ်လွတ်လပ်လပ် မိုးသီးနှံစပါးကို လုံံ့လစိုက်ပြီး ၁၅ သန်းကို ပြည့်ပြည့်ဝဝရရှိရေး  အများနှင့် စိုက်ပျိုးမည်ဆိုပါကလည်း မိမိတို့နိုင်ငံ၏ ဆန်ရေစပါးထုတ်လုပ်မှုသည် ဒီ့ထက်ပိုပြီး အဆင်ပြေမည်ဖြစ်ပါကြောင်း၊      

နွေတွင်စိုက်သည့်စပါးကို နှစ်သန်းခန့် စပါးတွင် ရေရှားပါးမှု ဖြစ်သည့်အတွက် အကျိုးရှိမည့်၊ စီးပွားရေးအရ တွက်ခြေကိုက်မည့်၊ ရေအသုံးအားနည်းမည့် ဝင်ငွေကောင်းသည့် နွေသီးနှံစပါးများသည် အကျိုးရှိသည့် စပါးများနှင့် ဈေးကွက်စီးပွားရေးအရ မိမိတို့လိုအပ်သည့် သီးနှံကို လိုအပ်သလို စိုက်ပျိုးနိုင်ပါကြောင်း အမိန့်များထုတ်ပြန်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။