(ဂ)-သမဝါယမအသေးစား ငွေကြေး ဝန်ဆောင် မှုချေးငွေ လုပ်ငန်းနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ် အတွင်း (၁)နှစ် တစ်ကြိမ် တိုး/ ရင်းပေါင်း ပြန် လည်ပေးဆပ်သောစနစ်ကိုကျင့်သုံးနိုင်ရန်ဆောင် ရွက်ပေးနိုင်ခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၁.၆.၂၀၁၆)

မန်မာနိုင်‌ငံအနေဖြင့် China Excel Bank ကိုချေးငွေ၏ အတိုးရင်းပေးဆပ်ရမည့် ကာလသည် နှစ်စဉ်ဇန်နဝါရီလ ၂၁ ရက်နှင့် ဇူလိုင်လ ၂၁ဒေါ်နန်းခမ်းအေး (နမ္မတူ) ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်ဖြစ်သည့်အတွက် ဆိုင်းငံ့ကာလနှစ်နှစ်၊ ပြန်ဆပ်ကာလရှစ်နှစ်ဟု သဘောတူစာချုပ် ချုပ်ဆိုထားပါကြောင်း၊ သမဝါယမ ဝန်ကြီးဌာနက သမဝါယမအသေးစားငွေချေး ဝန်ဆောင်မှု ချေးငွေလုပ်ငန်း အစီအစဉ်ညွှန်ကြားလွှာ အရ နှစ်စဉ် ခြောက်လ တစ်ကြိမ် တိုးရင်းပေါင်းပြန်လည်ပေးဆပ်သည့် စနစ်ဖြစ်သည့်အတွက် တစ်သီးစားသာ စိုက်ပျိုးနိုင်သည့် ရှမ်းပြည်နယ်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေပါကြောင်း၊ ဇူလိုင်လ တွင် ပြန်လည်ပေးဆပ်ရမည့် အတိုးအရင်းပေါင်းဆပ်ရန်အချိန်သည် စိုက်ပျိုးရာသီချိန်ဖြစ်ခြင်းကြောင့် တခြား နည်းလမ်းဖြင့် ထပ်မံငွေတိုးမြှင့်ပြီး ပေးဆပ်နေရသည်ကို တွေ့ရှိရပါကြောင်း၊  သမဝါယမလုပ်ငန်း ၏  တောင်သူလယ်သမားများအား လိုအပ်သည့် အရင်းအနှီးများကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိစေရန် လုံးဝ ဆန့်ကျင်နေပါကြောင်း၊ ဤညွှန်ကြားလွှာ ၁၆(က)တွင်လည်း မိမိတို့ဒေသအလိုက် စိုက်ပျိုးသီးနှင့် ထုတ်လုပ်သည့် ကုန်ပစ္စည်း၏ ရာသီကာလအပေါ်မူတည်ပြီး ချေးငွေထုတ်ချေးပေးရမည့်ကာလနှင့် ပြန်လည်ပေးဆပ်ရမည့်ကာလကို ဗဟိုအဆင့်လုပ်ငန်းကော်မတီသို့ တင်ပြဆောင်ရွက်ရန်ဟူ၍ ဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် အသင်းသားအကျိုးကို ရှေးရှုပြီး အဓိကထားသကဲ့သို့ ဖြစ်နေသော်လည်း လက်တွေ့တွင် သမဝါယမလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေကြောင်း ဖော်ပြမှု အတွက်သာ ငွေစနစ်ကို ကျင့်သုံးနေပြီး အသင်းသားများကို လစ်လျူရှုထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သည် နိုင်ငံအတွက် အကျိုးရှိမည်ဆိုပါက ပြောင်းလွယ်ပြင်လွယ် ရမည်ဖြစ်သည့်အတွက် တရုတ်နိုင်ငံနှင့် မည်သို့ပင် စာချုပ်ချုပ်ဆိုထားစေကာမူ ခြောက်လတစ်ကြိမ်အစား တစ်နှစ် တစ်ကြိမ် အတိုးအရင်းပေါင်း ပြန်လည်ပေးအပ်စနစ်ကို ကျင့်သုံးမည်ဆိုပါက ရှမ်းပြည်နယ် အတွက်သာမက တစ်နိုင်ငံလုံးတွင်ရှိသော အသင်းသားများအကျိုးကို ပိုပြီး ပြုနိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့်  ၂၀၁၆ ခုနှစ်အတွင်း တစ်နှစ် တစ်ကြိမ် အတိုးအရင်းပေါင်း ပြန်လည်ပေးဆပ်သည့် စနစ်ကို ကျင့်သုံးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျျုျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

ဒေါက်တာအောင်သူသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသင်းသားများ အတိုးနှုန်းသက်သာပြီး စိုက်ပျိုး စရိတ်ချေးငွေများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် အသင်းသားများ၏ အစု၊ စုဆောင်းငွေများဖြင့် လည်းကောင်း၊ အသင်းပိုင်ငွေများဖြင့်လည်းကောင်း၊ ပြည်ပချေးငွေများဖြင်‌့လည်းကောင်း အသေးစား အရင်းအနှီးချေးငွေလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါကြောင်း၊ အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း၏ ရည်ရွယ်ချက်မှာ အတိုးနှုန်းသက်သာပြီး ပြည်သူများအတွက် သက်သာချောင်ချိမှုရရှိစေရေးကို လာမည့်လေးငါးနှစ်ကြာသည့်အချိန်တွင် ငွေချေးရန်မလိုဘဲ မိမိဘာသာ ရပ်တည်လာနိုင်အောင် (Self-reliance) နှင့် ၎င်းမှတစ်ဆင်‌့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် (Sustainable Development) အထိမျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ဆက်လက်ပြီး စာချုပ်ချုပ်ဆိုခဲ့ပုံနှင့် စာချုပ်ပါစည်းကမ်းများ၏ အကြောင်းကို ဆက်လက်တင်ပြ သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိသမဝါယမ ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသော  သမဝါယမ အသင်းသားများကို စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်နိုင်ရေးအတွက် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်အရ China EXIM Bank ထံမှ ချေးငွေများရယူ လုပ်ဆောင်ရာတွင် နှစ်နိုင်ငံ စာချုပ်ပါစည်းကမ်းအရ နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးသီးနှံများအနက် သီးနှံပေါ်မည်‌့ကာလနှင်‌့ ချင့်ချိန်၍ ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်နိုင်သည်‌့စနစ်ကို အနီးစပ်ဆုံးခန့်မှန်းထုတ်ချေး ပေးထားခြင်း ဖြစ်ပါကြောင်း၊ ချေးငွေရယူသည့် အသင်းသားများအနေဖြင့်လည်း တစ်ဦးချင်း ငွေချေးစာချုပ်ပါ စည်းကမ်းများကို သဘောတူထားရှိပြီး ဖြစ်သည့်အတွက် စာချုပ်ပါ စည်းကမ်းအတိုင်း ခြောက်လတစ်ကြိမ် ပေးချေနေကြခြင်းဖြစ်ပါကြောင်း၊

          စာချုပ်ပါစည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့မှုကို တင်ပြမည်ဆိုပါ တိုင်းဒေသကြီး/ပြည်နယ်များ တွင်ရှိသော သမဝါယမအသင်းသားတောင်သူများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank ချေးငွေကို အဓိကထား ထုတ်ချေးပေးရခြင်းဖြစ်သည့်အတွက် ဒေသတစ်ခု နှင့်တစ်ခု စိုက်ပျိုးချိန် ကာလ၊ စိုက်ပျိုးနည်းစနစ် မတူညီသော်လည်း တစ်နိုင်ငံလုံးကို လွှမ်းခြုံ၍ အနီးစပ်ဆုံးခန့်မှန်း တွက်ချက်၍ အသင်းသားများသို့ ခြောက်လတစ်ကြိမ် ထုတ်ချေးပေးခဲ့ရာတွင်  ယခုအချိန်အထိ အသင်းသားများမှလည်း ၁၀၀ ရာခိုင်နှုန်းပြန်လည်ပေးဆပ်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံခဲ့ရသည့်အတွက် အများစုအတွက် အဆင်ပြေသော်လည်း အနည်းစုတွင် အခက်အခဲရှိနိုင်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေပမာဏတိုးမြှင့်လာရန် အဆင့်ဆင့်ကို ဆက်လက်တင်ပြမည်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank မှ ပထမအကြိမ် ချေးငွေအမေရိကန်ဒေါ်လာသန်း ၁၀၀ မှ ပထမအရစ် ဒေါ်လာသန်း ၅၀ ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ် ချေးငွေကျပ်သန်း ၅၁၅၃၆.၀၈၂ ကို ဇူလိုင်လ ပထမပတ်တွင် အသင်းသားများမှ ပြန်လည် ပေးဆပ်ပြီး ၎င်းပြန်လည်ပေးဆပ်သည်‌့ငွေ၊ အစု၊ စုဆောင်းငွေများနှင့် ဒုတိယအရစ် အမေရိကန် ဒေါ်လာ သန်း ၅၀ တို့ပူးပေါင်းပြီး အသင်းသားများကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ထုတ်ချေးငွေကျပ်သန်း ၁၀၉၅၄၆.၂၆၈ ကို ထုတ်ချေးပေးခဲ့ပါကြောင်း၊ ခြောက်လပြည်‌့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ပြန်လည်ကောက်ခံပြီး တတိယအကြိမ် အဖြစ် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် အသင်းသားများ၏ အစု၊ စုဆောင်းငွေများဖြင့် ထုတ်ချေးငွေကျပ်သန်း ၁၂၁၇၃၁.၅၂၉ ကို ထုတ်ချေးခဲ့ရာတွင်လည်း အသင်းသားများမှ အကုန်ပေးဆပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ စတုတ္တအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နှင့် အသင်းသားများ၏ အစု၊ စုဆောင်းငွေများဖြင့် ထုတ်ချေးငွေကျပ်သန်း ၄၀၃၇၁၇.၈၈၁ ကို သတ်မှတ်ကာလ ခြောက်လပြည့်သည်‌့အတွက် သမဝါယမ အသင်းသားတောင်သူများမှ အရင်း+အတိုးအားလုံးပေးဆပ်ကြသည့်အတွက် ၁၀၀ ရာခိုင်နှုန်း ပြန်လည်ရရှိခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပဉ္စမအကြိမ်အဖြစ် အမေရိကန်ဒေါ်လာသန်း ၄၀၀ နှင့် အသင်းများ၏ အစု၊ စုဆောင်းငွေများဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခု၊ သမဝါယမအသင်းပေါင်း ၃၁၈၀၄ သင်း၊ အသင်းသားပေါင်း ၂၆၅၆၃၁၁ ဦးသို့ ပံံ့ပိုးငွေကျပ်သန်းပေါင်း ၃၇၆၆၇၀.၁၂၇၊ ထုတ်ချေးငွေကျပ်သန်း ပေါင်း ၄၆၃၂၉၄.၁၉၇ တို့ကို ထုတ်ချေးပေးခဲ့ပြီးလာမည်‌့ ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင် အသင်းသားများအား ပြန်လည်ကောက်ခံသွားမည် ဖြစ်ပါကြောင်း၊

          တင်ပြလိုသည်မှာ ထုတ်ချေးငွေဖြစ်သည့် မူလကအရင်းအနှီးစိုက်ထုတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေါ်တွင် ယခုခြောက်လအတွင်း တတ်လာသည့် ငွေကြေးပမာဏ၊ ထုတ်ချေးနိုင်သည့် ပမာဏဖြစ်ပါကြောင်း၊ အဆိုပါပမာဏသည် အသင်းသူ/သားများ၏ စုဆောင်းငွေအားဖြင့် ကျပ်သန်းပေါင်း ၆၀၀၀၀ ကျော် တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း ပြန်လည်ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်းကိုလည်း သိရှိရပါကြောင်း၊

 နှစ်နိုင်ငံချုပ်ဆိုထားသည်‌့ စာချုပ်ပါစည်းကမ်းအရ ခြောက်လတစ်ကြိမ် အတိုး/အရင်းပေးရန်ဖြစ်၍ ၎င်းတို့ဆီကကောက်ခံသလို မိမိကိုယ်တိုင်လည်း ခြောက်လ တစ်ကြိမ် အတိုး/အရင်း ပေးရတာ ဖြစ်သည့်အတွက် တစ်နှစ်တစ်ကြိမ် အတိုး/အရင်းပေါင်း စာချုပ်ပါစည်းကမ်းအရ  ပြန်လည်ပေးဆပ်သော စနစ်ကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်နန်းခမ်းအေး (နမ္မတူ) ကဆက်စပ် မေးခွန်းမေးမြန်းပါသည်။

အတိုးအရင်းပေါင်း ၆ လတစ်ကြိမ် ပြန်လည်ပေးဆပ်သည်မှာ တောင်သူလယ်သမားများက ချေးငွေ အတိုးနှင့်အရင်းကို သမဝါယမကိုပေးဆပ်ရပြီး သမဝါယမအသင်းမှတစ်ဆင့် ဘဏ်ကိုပေးသွင်း၍ တစ်ပတ်အတွင်း အဆိုပါငွေကို ပြန်ထုတ်ပြီး သမဝါယမအသင်းသားကို ပြန်ထုန်ချေးပေးရပါကြောင်း၊ အဆိုပါ ငွေများပြန်ဆပ်နိုင်ရန် တစ်ခြားလူများဆီက ချေးငွေပြန်ယူရပါကြောင်း၊ ဝန်ကြီးဌာနကို တင်လာသည့် စာရင်းများအရ ငွေများအပြည့်အဝ တွေ့နိုင်သည်ကို မြင်ရမည်ဖြစ်သော်လည်း လက်တွေ့ မဟုတ်ပါကြောင်း၊  ဇူလိုင်လတွင် သွင်းရမည့်ငွေများကို ဗဟိုသမဝါယမအသင်းမှ  အသင်းပိုင်ငွေများဖြင့် အစားထိုးခြင်းဖြင့်လည်းကောင်း သို့မဟုတ် နိုင်ငံ၏ငွေတစ်ခုခုနှင့် အစားထိုး၍သော်လည်းကောင်း သို့မဟုတ် သက်ဆိုင်ရာဘဏ်တွင် ၁ ရာခိုင်နှုန်းအတိုးယူပြီး အစားထိုးပေးသွင်းခြင်း လည်းကောင်း အဆင်ပြေနိုင်ပါကြောင်း၊ အဆိုပါ ၁ ရာခိုင်နှုန်းအတိုးကို နှစ်စဉ်ဇူလိုင်လတွင် တစ်နှစ်တစ်ခါ ပြန်လည်ပေးသွင်းသည့်အချိန်တွင် အသင်းသားများကို ၁ ရာခိုင်နှုန်း ထပ်ဆောင်းပြီး တိုးစေ မည်ဆိုပါက အသင်းသားများအတွက် ပိုမိုပြီးအဆင်ပြေစေပါကြောင်း၊ ယခု ဇူလိုင်လတွင်သာ ဤစနစ်ကို ပြန်လည်ကျင့်သုံးမည်ဆိုပါက သဘာဝဘေးဒဏ်နှင့် စစ်ဒဏ်ခံနေရသော ပြည်သူများအတွက် အခက်အခဲတွေ့စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ဇူလိုင်လတွင် ပြန်လည်ပေးဆပ်ရမည့် အတိုးရင်းပေါင်း ချေးငွေများကို ပြေလည်အောင် အစားထိုးခြင်းဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ

သမဝါယမ၏ အသေးစား ချေးငွေဆိုသည်မှာ  နိုင်ငံတော်မှ ချေးပေးသည့် ချေးငွေရှိပါကြောင်း၊ ယခုနှစ်တွင် တောင်သူလယ်သမားများအတွက်   နိုင်ငံတော်မှ ချေးပေးသည့် ချေးငွေသည် ၁၅၀၀၀ ချေးငွေပေးသည်အထိ ဖြစ်ပါကြောင်း၊ သမဝါယမလုပ်ငန်းမှ ချေးသည့် ချေးငွေသည် စီမံခန့်ခွဲသည့် အဖွဲ့အစည်းကိုယ်တိုင် သက်ဆိုင်ရာ သမဝါယမအဖွဲ့အစည်းများကိုယ်တိုင် စီမံခန့်ခွဲသည့်စနစ်ကို ကျင့်သုံးခြင်းဖြစ်ပြီး နိုင်ငံတော်မှ အဆိုပါချေးငွေကို ပေးအပ်ခြင်း၊ လွှဲပြောင်းခြင်းကို ဆောင်ရွက်စီစဉ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ချေးငွေရယူဖို့ရန်အတွက် စာချုပ်ပါစည်းကမ်းချက်များကို ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရန် မရှိပါကြောင်း၊ ချေးငွေကိုစီမံခန့်ခွဲရသည့် အဆိုပါ ငွေဖြင့်ဗဟိုစီမံခန့်ခွဲမည်ဆိုပါက အခွင့်အာဏာရှိသော သက်ဆိုင်ရာ သမဝါယမအသင်း အနေဖြင့် အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်လျှင် အဆင်ပြေမည်ဟု ထင်မြင်မိပါကြောင်း၊ နိုင်ငံတော်တွင်လည်း စာချုပ်ပါစည်းကမ်းအတိုင်း ဆောင်ရွက်ခြင်းမှလွဲ၍ အခြားနည်း လမ်းလည်းမရှိပါကြောင်း၊ အဆိုပါကိစ္စသည် သက်ဆိုင်ရာသမဝါယမ အသင်းများ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသင့်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။