ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်အေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းတို့သည် ဥရောပပါလီမန်၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Mr. Werner LANGEN ဦးဆောင်သော ဥရောပ ပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် လွှတ်တော်ကော်မတီများ၏ အရေးပါသော အခန်း ကဏ္ဍများ၊ ရွေးကောက်ခံကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒနယ်ပြည်သူများနှင့် ဆက်သွယ် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်
