ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ နယူးယောက်မြို့အခြေစိုက် UNICEF ဌာနချုပ်၏ Deputy Executive Director ဖြစ်သူ Mr. Robert Justin Alexander Forsyth အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့သည် နယူးယောက်မြို့အခြေစိုက် UNICEF ဌာနချုပ်၏ Deputy Executive Director ဖြစ်သူ Mr. Robert Justin Alexander Forsyth အား ယနေ့ နေ့လယ် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင်‌့ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် UNICEF နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ UNICEF ၏ အကူအညီပေးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်

 

Standard (Image)