(ဋ)-စေတုတ္တရာမြို့နယ်၊ အုန်းဝါးကျေးရွာ အဝင် ထီးချောင်းအားဖြတ်၍ ဆော- စေတုတ္တရာခရိုင်ချင်း ဆက်လမ်းသို့ရာသီမရွေးသွားလာနိုင်သောတံတား တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး၏ အနောက်ဘက်တွင် တည်ရှိပြီး စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး၊ လမ်းပန်းဦးကျော်အောင်လွင် (စေတုတ္တရာ) ဆက်သွယ်ရေး အဘက်ဘက်မှ ဖွံ့ဖြိုးမှုနိမ့်ကျ သည့် ဒေသဖြစ်ပါ ကြောင်း၊ အုန်းဝါးကျေးရွာ သည် စေတုတ္တရာမြို့၏ မြောက်ဘက် ၃၆ မိုင်အကွာတွင် တည်ရှိပြီး ရှမ်းတိုင်းရင်းသားများ မှီတင်းနေထိုင်ကြသည့်ဒေသဖြစ်ပါပြီး အဘက်ဘက်မှ ဖွံ့ဖြိုးမှုနိမ့်ကျပြီး မိုင် ၄၀ ဝေးသည့် စေတုတ္တရာမြို့သို့  ခြေလျင်ခရီးဖြင့်သာ သွားရောက်ကြရသည့် ဒေသဖြစ်ပါကြောင်း၊ ၎င်းကျေးရွာများတွင် အုန်းဝါးကျေးရွာ ကို ရောက်ရန်အတွက် ရေစီးသန်သည့် ထီးချောင်းကို ဖြတ်ကူး ပြီး သွားလာကြရပါကြောင်း၊ ထီးချောင်းရေကြီးသည်အချိန်များတွင် အခက်အခဲများ ကြုံတွေ့ရပြီး နှစ်ပေါင်းများစွာ အသက်အန္တရာယ်များ ဆုံးရှုံးသည့်ဖြစ်ရပ် များစွာရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ရာသီမရွေးသွားလာနိုင်သည့်အတွက် ကွန်ကရစ်တံတား သို့မဟုတ် ကြိုးတံတားတစ်စင်းကို တည်ဆောက်ပေးရန် အထူးလိုအပ်လျက်ရှိသည့်အတွက် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အုန်းဝါး ကျေးရွာအဝင် ထီးချောင်းအားဖြတ်၍ ပတ်ဝန်း ကျင်ကျေးရွာ များနှင့် ဆော၊ စေတုတ္တရာ၊ ငဖဲ၊ ခရိုင်ချင်း ဆက်လမ်းသို့ ရာသီမရွေးသွားလာနိုင်သော တံတားတစ်စင်း တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိ ပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးထွန်းဝင်း
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းမကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်းသည်  အုန်းဝါး ကျေးရွာသို့ဆက်သွယ်သောလမ်းသည် အရှည် ၅ ဖာလုံရှိပြီးတော့ အဆိုပါလမ်းပေါ်တွင် ထီးချောင်း တည်ရှိပါတယ်။ ထီးချောင်း၏ အကျယ်သည် ၂၀၀ ပေခန့်ရှိသည့်အတွက် ၂၈၆ ပေ၊ ၂၀ ပေ ကြိုးတံတား တည်ဆောက်ရန် လိုအပ်ပြီး ငွေကျပ် ၁၁၂ သန်းခန့်ကုန်ကျမည် ဖြစ်ပြီး ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၉၅၅ ၊ လူဦးရေ ၄၄၆၄ ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်  လမ်းတံတားများ အတွက် ရန်ပုံငွေကျပ် ၉၅၁၆.၂၀၅ သန်း လျာထား ပါကြောင်း ၊ စေတုတ္တရာမြို့နယ် အတွက်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်လမ်း၊ တံတားများအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၃၂၆.၃၁၇ သန်းလျာ ထားပါကြောင်း ၊ စေတုတ္တရာ မြို့နယ် အတွင်း အုန်းဝါးကျေးရွာ ထီးချောင်းတံတား တည်ဆောက်ခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ကျေးလက်ဒေ သဖွံ့ဖြိုရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသည့်အတွက် လတ်တလောဆောင် ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ် အလိုက် ပြည်နယ် /တိုင်းဒေ သကြီး များ၏ ဦးစားပေးလျာထား တင်ပြမှုအပေါ်မှာ မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ ပါသည်။