ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘာ့မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ ဆွစ်ဇာလန်သမ္မတဟောင်း H.E. Madam Ruth Dreifuss အားလက်ခံတွေ့ဆုံ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ ကော်မရှင် (Global Commission on Drug Policy)၏ ဥက္ကဋ္ဌဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်း H.E. Madam Ruth Dreifuss အား ယနေ့ နံနက် ၁၁ နာရီအချိန်တွင် လွှတ်တော်ဝန်းအတွင်းရှိ ရေးရာဆောင် အမှတ်(I-1)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှုများ ပပျောက် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ဥပဒေပိုင်းမှ ဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်အတူ ကော်မရှင်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ခုနှစ်၊ ဧပြီလ ၆ ရက်
