မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၇၅ အုပ်စုရှိပြီးကျေးရွာပေါင်း ၃၁၈ ရွာ ရှိပါကြောင်း၊
လျှပ်စစ်မီးရရှိသည့် ရွာမှ ၅၂ ရွာရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆိုလာမီးလင်းနေသည့် ကျေးရွာပေါင်း ၄၄ ရွာ ရှိပါကြောင်း၊ မီးလင်းရန် ၂၂၂ ရွာကျန်ရှိပါကြောင်း၊ ကျေးရွာလူထု၏ ထည့်ဝင်ငွေများ၊ သမချေးငွေ များနှင့် ပုဂ္ဂလိကအလှူရှင်များ၏ထည့်ဝင်ငွေ ၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ မှခွဲဝေရရှိသည့် ရန်ပုံငွေဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်နေ သည့် ကျေးရွာပေါင်း များစွာရှိသည် အနက် ပျော်ဘွယ်မြို့၏ အရှေ့ဘက် ၁၂ မိုင်အကွာရှိ ကျေးရွာပေါင်း ၁၈ ရွာ မီးလင်းရေးဆောင်ရွက်လျက်ရသည့် ရွှေညောင်ဖူး၊ ကျောက်ချပ် တင်ပြပါ သူဋ္ဌေးကုန်းမှ တင်ပြပါ နေရာအထိ ၃၃/၁၁ ကေဗွီဓာတ်အားလိုင်းသွယ်တန်းမှုလုပ်ငန်းတွင် ကျေးရွာလူထုထည့်ဝင်ငွေ ကျပ် သိန်း ၅၀၀ နှင့် သမဝါယမချေးငွေ ကျပ်သိန်း ၁၉၅၀၊ ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေကျပ် သိန်း ၉၀ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သော်လည်း ငွေကြေးလုံလောက်မှု မရှိသည့်အတွက် လုပ်ငန်းများရပ်ဆိုင်းထား နေရပါကြောင်း၊ ၃၃ ကေဗွီ ဓာတ် အား လိုင်းသွယ်တန်းမည်ဆိုပါက ၎င်းလမ်းကြောင်း ဝဲ/ယာ ရှိသည့် ရမည်းသင်း မြို့နယ်မှ လေးရွာနှင့် ပျော်ဘွယ်မြို့နယ်မှ ခြောက်ရွာ စုစုပေါင်း ၁၀ ရွာ လျှပ်စစ်မီးသွယ်တန်း ရယူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပျော်ဘွယ်မြို့နယ်၏ အနောက်ဘက် ကျေးရွာများတွင် ငွေကြေးစုဆောင်းပြီး ကျေးလက် မီးလင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျော်ဘွယ်-နတ်မောက်လမ်း တစ်လျှောက် ၇ မိုင်ခွဲ တွင်ရှိသည့် ရနောင်မြို့အထိ လျှပ်စစ်မီး ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ရနောင်မြို့မှ နယ်စပ်အထိ ၁၆ မိုင်ကျော်မှာရှိသည့် ကျေးရွာများမှ ၃၃/၁၁ ကေဗွီ လျှပ်စစ်မီးလိုင်း မရောက်သေးသည့် အတွက် လျှပ်စစ်မီးလင်းရေး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ၊ထို့ကြောင့် မိမိသိလိုသည်မှာ (၁) ပျော်ဘွယ်မြို့နယ်၏ အရှေ့ဘက် ၊ ရွှေညောင်ဖူးကျေးရွာအနီးအထိ ၃၃/၁၁ ကေဗွီဓာတ်အားလိုင်း ၁၂ မိုင်နှင့် ဓာတ်အား ခွဲရုံတည်ဆောက်မှုကို နိုင်ငံတော်မှ အတိုင်းအတာတစ်ခု အထိ ဖြည့်စွက်ကူညီဆောင်ရွက်ပေးရန်၊ (၂) ပျော်ဘွယ်မြို့နယ် အနောက်ဘက်ခြမ်း ပျော်ဘွယ်-နတ်မောက် လမ်းဘေးဝဲ/ယာ ရှိ ကျေးရွာများ မီးလင်းရေးကြိုးစားနေမှုကို ပံ့ပိုးကူညီနိုင်ရန်အတွက် တောင် ညောင်ကုန်းကျေးရွာအထိ ၃၃/၁၁ ကေဗွီဓာတ်အားလိုင်း ၁၆ မိုင်ကျော်ဆွဲပေးရန် နှင့် (၃) ဓာတ်အားခွဲရုံများ တည်ဆောက်ပေးရန်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး၏ ဘတ်ဂျက်ခွဲဝေမှုတွင် အခြားမြို့နယ်များအတွက် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများအတွက် ရန်ပုံငွေခွဲဝေမှု ပါရှိခဲ့ပါကြောင်း၊ သို့သော် ပျော်ဘွယ်မြို့နယ်အတွက် သစ်သားဓာတ်မီးတိုင် ၈၄ တိုင် လဲလှယ်ရန်သာ ရန်ပုံငွေခွဲဝေချထားပေးမှုမရှိပါကြောင်း၊ ထို့ကြောင့် တင်ပြချက်များ အပေါ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်း ပါသ
ရွှေညောင်ဖူး ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ ၂၇-၈၂၀၁၅ ရက်နေ့တွင် ရွှေညောင်ဖူးကျေးရွာအပါအဝင် ကျေးရွာ ၁၈ ရွာအတွက် ကြိုတင်တည်ဆောက်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအစိုးရ ရန်ပုံ ငွေ ဖြင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ACSR 120 mm2 ကြိုးများ၊ 33 KV Pin Insulator များ၊ 33 KV Disc Insulator များနှင့် သံလက်တန်းများ စသည့် ပစ္စည်းများကို ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ၁ မိုင်နှင့် ကျန်ရှိနေသော ၁၁ မိုင် လုပ်ငန်း များအား ကျေးရွာမီးလင်းရေးအစီအစဉ်ဖြင့် ဆောင်ရွက်ရန် ယခင်က ညှိနှိုင်းခဲ့ကြခြင်း ဖြစ်ပါကြောင်း၊
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့်နှစ်စဉ် ဘဏ္ဍာငွေဘတ်ဂျက် ခွဲဝေရရှိမှု အပေါ်မှာမူတည်၍ ဘတ်ဂျက်ငွေလုံလောက်မှုရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးနှင့်ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးလိုပါကြောင်း၊ တစ်နိုင်ငံလုံးတွင်ရှိသည့် ကျေးရွာများ နှင့်မြို့နယ်များ၏ လျှပ်စစ်ဓာတ်အားပြည့်ပြည့်ဝဝနှင့် မြန်မြန်ဆန်ဆန်ရရှိရေး တည်ဆောက်ရန် အတွက် လိုအပ်သော ပင်မဓာတ်အားခွဲရုံကြီးများ၊မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေး လိုင်းများနှင့် ထရန်စဖော်မာအငယ်များတပ်ဆင်ရန်အတွက် ဘဏ္ဍာငွေများလိုအပ် နေပါကြောင်း၊ ထိုကဲ့သို့ လိုအပ်နေသည့် ဘဏ္ဍာငွေရရှိရန်အတွက် မိမိတို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ဘဏ္ဍာငွေရရှိရန်အတွက် တင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် မိမိနိုင်ငံ၏ အခြေအနေအရ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မှာ မူတည်ပြီး သက်ဆိုင်ရာကျေးရွာနှင့် မြို့နယ်များ လျှပ်စစ်မီးတိုးချဲ့ရရှိရေးအတွက် တတ်စွမ်းသရွေ့ တိုးချဲ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း နှင့် ဘဏ္ဍာငွေမြောက်မြားစွာလိုအပ်နေပါကြောင်း ဖြေကြားပါသည်။
ဦးသောင်းအေး မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၎င်းလုပ်ငန်းနှစ်ရပ်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ၉-၂-၂၀၁၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတင်ပြခဲ့သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ၎င်းလုပ်ငန်းကို နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လျာ ထားပေးသွားမည်ဟု ဖော်ပြထားပါကြောင်း၊ မိမိ၏တင်ပြချက်တွင် လျာထားပေးမည် ဆိုသော်လည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် ပါဝင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်နိုင်ခြင်းရှိ/မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိပြည်သူများ လျှပ်စစ်မီးရရှိရန်အတွက် အစွမ်းကုန် ဖြည့်ဆည်းပေးမည်ကို ရှင်းလင်းဖြေကြားခဲ့ပါကြောင်း၊ လက်ရှိ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေး ရန်လိုအပ်သည့် ဓာတ်အားလိုင်းများ၏ တည်ဆောက်စရိတ်ကို ၂၀၁၇-၁၈ BE ဘတ်ဂျက်တွင် လျာထားတင်ပြတောင်းခံမည်ဖြစ်ပါကြောင်း နှင့် အမှန်တကယ်ဘတ်ဂျက်ခွင့်ပြုငွေ ရရှိမှု အနေအထားပေါ်တွင် ဒေသများအားလုံးကို မျှတအောင် ဆောင်ရွက်ပေးရမည် ဖြစ်သည့် အတွက်ကြောင့် ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်ပြီးဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
