ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာအထူး အစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီနှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ ကလေး သူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတို့နှင့် သက်ဆိုင်သည့် ဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ ကော်မရှင်ကဆောင်ရွက်နေသည့် တည်ဆဲဥပဒေများကို လေ့လာဆန်းစစ် သုံးသပ် အကြံပြုခြင်းနှင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော ဥပဒေများအတွက် ဥပဒေကြမ်းများပေါ်ပေါက်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် Law Reform ၏ အရေးပါမှု ကဏ္ဍတို့နှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်၊ ဦးမြသိန်း၊ ဦးမြင့်နိုင်၊ ဒေါ်သန်းသန်းရီနှင့် ကော်မရှင်အတွင်းရေးမှူး ဦးခင်မောင်ထွန်းတို့ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်

Standard (Image)