(င)-မင်းတုန်းမြို့နယ်အတွင်းရှိအမှတ်(၄)ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သောဝင်းသူဇာအရောင်းဆိုင်မြေနေရာအား မူလပိုင်ရှင်ဖြစ်သောအမှတ်(၄)ရပ်ကွက်သို့ ပြန်လည် လွှဲပြောင်းပေးရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၁၂.၉.၂၀၁၆)

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ်(၄) ရပ်ကွက်တွင် ပြည်သူပိုင်အဆောက်အဦတစ်ခု၌ ၁၉၅၂ ခုနှစ်မှစတင်၍ ပြည်တော်သာ ဒေါ်ခင်သန်းနု (မင်းတုန်း)စာဖတ်အသင်းအဖြစ် ဖွင့်လှစ်ဆောင် ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၆၇ ခုနှစ်တွင် တိုးတက်ရေး စာကြည့်အသင်းအဖြစ် ဆက်လက်ပြောင်းလဲဖွင့်လှစ်၍ ပြည်သူများ စာပေဗဟုသုတများရရှိစေရန် စဉ်ဆက် မပြတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ထိုပြည်သူပိုင် စာကြည့်တိုက် အဆောက်အဦနှင့် မြေနေရာအား ၂၀၀၆ ခုနှစ်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ ဝင်းသူဇာအရောင်းဆိုင်ဖွင်‌့ လှစ်ရန် မူလပိုင်ရှင်ဖြစ်သော မင်းတုန်းမြို့ အမှတ် (၄) ရပ်ကွက်နေ ပြည်သူများထံမှ သဘောတူညီမှုရယူခြင်းမရှိဘဲ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်၏ ဖိအားပေးမှုကြောင့် အမှတ်(၁) စက်မှုဝန်ကြီးဌာနသို့ ပြည်သူများ၏ဆန္ဒ လုံးဝမပါဘဲ လွှဲပြောင်းပေးအပ်ခဲ့ရပါကြောင်း၊ထိုသို့ လွှဲပြောင်းပေးအပ်စဉ်အခါက ထိုအမှတ် (၁) စက်မှုဝန်ကြီးဌာနမှ ကျွန်မတို့ပြည်သူများအား နစ်နာကြေး သို့မဟုတ် လျော်ကြေးအဖြစ် အခကြေး ငွေတစ်စုံတစ်ရာ ပေးခြေခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ထို့နောက် အမှတ် (၄) ရပ်ကွက် ပြည်သူများပိုင် အဆောက်အဦအား ဖျက်ဆီး၍ အဆောက်အဦအသစ်ဆောက်လုပ်၍ ၂၀၀၆ ခုနှစ်တွင် ဝင်းသူဇာအရောင်းဆိုင်အား စတင်၍ ဖွင့်လှစ်ရောင်းချခဲ့ပါကြောင်း၊သို့သော် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်းသူဇာ အရောင်းဆိုင်အား ပိတ်သိမ်းခဲ့ပြီး  လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း မရှိတော့သည်မှာ ယခု အချိန်အထိဖြစ်ပါကြောင်း၊

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက် နေ့တွင် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ မေးခွန်းကို ပြန်ကြားရေးဝန်ကြီးမှ ကမ္ဘာကိုမြန်မာက သိရန်နှင့် မြန်မာကို ကမ္ဘာက သိရန်အတွက် စာပေအဆောက်အဦများ တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝမ်းသာစရာအဖြေတစ်ခုကို ကြားသိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း မရှိတော့သော အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ သိမ်းယူခဲ့သည်‌့ စာကြည်‌့တိုက်၏ မြေနေရာနှင့် ယခုအဆောက်အဦအား မူလပိုင်ရှင်ဖြစ်သည်‌့ အမှတ် (၄)ရပ်ကွက်နေ ပြည်သူများနှင့် မင်းတုန်းမြို့ နယ် ပြည်သူလူထုများအတွက် အသိပညာ၊ ဗဟုသုတများ မြှင့်‌တင်ပေးနိုင် ရေးနှင့် စာပေဗဟုသုတများ လေ့လာနိုင်စေရေးအတွက် လွှဲပြောင်းပေးနိုင်ပါရန် အစီ အစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် ပြန်လည်လွှဲပြောင်းပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
စက်မှုဝန်ကြီးဌာနဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

က်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုစက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းပိုင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ဝင်းသူဇာအရောင်းဆိုင်သည် မြေ ဝ.၀၆၇ ဧကရှိပြီး ၂၄-၉-၂၀၁၀ ရက်နေ့တွင် အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်) ၏ စက်ရုံအမည်ပေါက် လန-၃၉ ဂရန်ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဂရန်အမျိုးအစားမှာ နှစ် ၃၀ ဂရန်ဖြစ်ပြီး ၂၄-၉-၂၀၄၀ ရက်နေ့အထိ ဖြစ်ပါကြောင်း၊ ဝင်းသူဇာ အရောင်းဆိုင် (မင်းတုန်း) ၏ မြေနှင့်အဆောက်အဦမှာ စက်ရုံအမည်ပေါက်မရရှိသေးခင် ကာလ အတွင်း မင်းတုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၏ စာကြည်‌့တိုက်အဖြစ် တည်ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာနက လွှဲပြောင်းရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင် စာကြည်‌့တိုက် အဆောက်အဦအား စက်မှုဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ၂၁၆.၆၅ သိန်း အကုန်ကျခံ၍ (၃၅ ပေ x ၅၅ ပေ) သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း အဆောက် အဦအဖြစ် ပြုပြင်ဆောက်လုပ်ခဲ့ပြီး ၈-၄-၂၀၁၅ ရက်နေ့တွင် ဝင်းသူဇာအရောင်းဆိုင် (မင်းတုန်း) အဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့သော်လည်း စီးပွားရေး တွက်ခြေ ကိုက်မှုမရှိ သဖြင့် ၄-၁၀-၂၀၁၁ ရက်နေ့မှစ၍ အရောင်းဆိုင်အား ပိတ်သိမ်းထားခဲ့ရပါကြောင်း၊

အဆိုပါစာကြည်‌့တိုက်မြေနှင့် အဆောက်အဦအား မင်းတုန်းမြို့၊ အမှတ် (၄) ရပ်ကွက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် ရပ်မိရပ်ဖရှစ်ဦးတို့က ၁၆-၈-၂၀၁၃ ရက်နေ့ပါစာဖြင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့သောကြောင့် မြေတန်ဖိုးမပါ၊ လက်ရှိ အဆောက်အဦ၏ နှစ်ချုပ် တန်ဖိုး (Book  Value) အား နိုင်ငံတော်သို့ ပေးသွင်းမည်ဆိုပါက ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ပါ ကြောင်း အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း ယခင်အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ ၄-၁၀-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၅၀၉/၅၀၀၅/ရောင်း ၉၈၉ ဖြင့် မင်းတုန်းမြို့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖ ၈ ဦး ထံပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဝင်းသူဇာအရောင်းဆိုင် (မင်းတုန်း) အဆောက်အဦ၏ မူလတန်ဖိုးငွေ ကျပ် ၂၁၆.၆၅ သိန်းမှာ နိုင်ငံတော်၏ ငွေကြေးဖြင်‌့ တည်ဆောက်ပေးထားခဲ့ခြင်းဖြစ်ပြီး ၃၁-၅-၂၀၁၆ ရက်နေ့ ရှိ နှစ်ချုပ် လက်ကျန်ဌာန တန်ဖိုး (Book  Value) မှာ ၉၇.၄၉၂ သိန်းဖြစ်ပါ၍၊ မြေတန်ဖိုးမပါ အဆောက်အဦ၏ (Book  Value) တန်ဖိုး ၉၇.၄၉၂ သိန်းအား နိုင်ငံတော်သို့ပေးသွင်းမည်ဆိုပါက စက်မှု ဝန်ကြီးဌာနအနေဖြင့် ယင်းအဆောက်အဦအား မင်းတုန်းမြို့၊ အမှတ်(၄)ရပ်ကွက်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်သန်းနု (မင်းတုန်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အရင်စာကြည်‌့တိုက်ကို မြို့နယ်ပိုင်စာကြည့်တိုက်၊ ပြည်သူပိုင်စာကြည်‌့တိုက်က မြေနေရာနှင့် အဆောက်အဦပါ ရှိခဲ့ပါကြောင်း၊ မြေနေရာနှင့် အဆောက်အဦကို ကြည်‌့ခဲ့စဉ်က အခကြေးငွေ မပေးပဲ သိမ်းယူ သွားခဲ့ခြင်းဖြစ်ပါကြောင်း၊ယခုအချိန်တွင် ပြည်သူများကို ပြန်ပေးသည့်အချိန်တွင် ၃၇.၃၇ သိန်းကို ပြန်ပေးရမည်ဆိုရာ ပြည်သူတွေအနေဖြင့် လုံးဝပြန်ပေးချေနိုင်ခြင်းမရှိပါကြောင်း၊ ထို သို့ ပြန်ပေးချေနိုင်ခြင်း မရှိ သည့်အတွက် မိမိတို့အတွက်လည်း အသုံးမဝင်ဘဲ တစ်ပါးသူကိုလည်း အသုံးပြုခွင်‌့မပေးခြင်းမျိုး လုံးဝမဖြစ်သင်‌့ပါကြောင်း၊ ထို့ကြောင့် အသိပညာ၊ ဗဟုသုတ မြှင့် တင်ပေးနိုင်ရန် စာကြည်‌့တိုက်အဖြစ် အသုံးပြုခွင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုကို အသိပညာပေးသည့်နေရာတွင် စာကြည်‌့တိုက်သည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ စာကြည်‌့တိုက်များ ဖွင့်‌လှစ်ပြီးပါက စာကြည်‌့တိုက်အတွင်း လိုအပ်သော စာရွက်၊ စာတမ်း၊ အဆောက်အဦအကုန်လုံး ပြည်‌့စုံအောင် ဖန်တီးပေးရန် ရှိပါကြောင်း၊ ထိုသို့ အဆောက်အဦများ၏ တန်ဖိုးကို နိုင်ငံတော်အနေဖြင့် ကျပ်သန်းပေါင်း ၂၁၆ သိန်းကျော် ကုန်ကျခံခဲ့ပြီး တန်ဖိုးလျော့ပြီးနောက် ကျန်ရှိသောငေ‌ွ အနည်းငယ်ကိုသာ ပြန်လည်ပေးသွင်းရန် တင်ပြခြင်း ဖြစ်ပါကြောင်း၊ ထိုငွေအပြင် ထပ်မံပြီးတော့ စိုက်ထုတ်ပေးရမည်မှာ လိုအပ်သော စာရွက်၊ စာတမ်း၊ စာအုပ် အချက်အလက်များ အားလုံးပြည်‌့စုံအောင် ဖန်တီးပေးရန် ရှိပါကြောင်း၊

ထို့ကြောင့် မိမိတို့ စက်မှုဝန်ကြီးဌာနဖြင့် မူလတန်ဖိုးမှ တန်ဖိုးလျော့ပြီး ကျန်ရှိသောငွေအပြင် ငွေလွှဲပေးပြီး ပြန်လည်ပေးသွင်းပြီးနောက် လိုအပ်သော ပံ့ပိုးပေးရမည့် စာရွက်၊ စာတမ်း၊ အထောက် အထားအားလုံးကို ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကျခံထားရသည့် ငွေဖြစ်ပါကြောင်း၊ (Book  Value) တန်ဖိုး ပေါ်ပေါက်နေသော ငွေတန်ဖိုး သည် ငွေစာရင်း ရှင်းလင်းရာတွင် သာမန်အားဖြင့် တရားမဝင်ရှင်းလင်း၍ မရသည့်အတွက် တရားဝင်ဖြစ်စေရန် တင်ပြခြင်းဖြစ်ပါကြောင်း၊ ငွေကျပ် ၉၇ သိန်းကို တင်သွင်းပြီး ပြန်လည် လွှဲပြောင်းပြီးနောက် မိမိတို့မြေပေါ် တွင်ရှိသော အဆောက်အဦနှင့် သက်ဆိုင်သော ပရိဘောဂများ၊ စာရွက်စာတမ်းများ၊ စာအုပ်များ ပေးလှူမည်ဖြစ်ပါကြောင်း ရှင်းလင်းေြ