ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း UNESCO အဖွဲ့မှ Mr.Mikel Aguirre Idiaquez အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် UNESCO အဖွဲ့မှ Mr.Mikel Aguirre Idiaquez အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် UNESCO မှ မြန်မာနိုင်ငံတွင် သတင်းမီဒီယာနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နည်းပညာများ ပံ့ပိုးကူညီပေးလျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရုပ်သံလွှင့်ဥပဒေနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရုပ်သံလွှင့်ဥပဒေနှင့် စပ်လျဉ်းသည့် နောက်ဆုံးအခြေအနေများ၊ အစိုးရပိုင် မဟုတ်သော အများပြည်သူဝန်ဆောင်မှု မီဒီယာပေါ်ပေါက်လာရေး၊ ပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ အသိပညာဖွံ့ဖြိုးရေးတို့ကို အထောက်အကူဖြစ်စေမည့် ပြည်သူလူထုအခြေပြု ရေဒီယိုများ ထုတ်လွှင့်ရေးကိစ္စနှင့် အစိုးရပိုင်မဟုတ်သော ရုပ်သံလွှင့်အစီအစဉ်များ ထုတ်လွှင့်နိုင်ရေး၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်မည့် အစီအစဉ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်

Standard (Image)