တောင်ဥက္ကလာပမြို့နယ်၊၉ ရပ်ကွက်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်း ထောင့်ရှိမြေကွက်အား ၁၉၈၅ ခုနှစ် မြို့နယ်စတင်တည်ထောင်စဉ်ကပင် အားကစားပန်းခြံအဖြစ် တည်ရှိခဲ့ပါကြောင်း၊ ၎င်းမြေကွက်ကို ၁၉၉၀ ခုနှစ်ခန့်တွင် အသင်းတစ်ခုကရယူပြီး ဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်းခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်ခန့်တွင် ပါတီတစ်ခုက ကွန်ဒို ဆောက်လုပ်ရန် စီစဉ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကွန်ဒိုဆောက်လုပ်ရန် စီစဉ်နေစဉ်ပင် တောင်ဥက္ကလာပ ပြည်သူများက ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြ၍ တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊
၎င်းအားကစားပန်းခြံနှင့်ပတ်သက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ အားကစားပန်းခြံအဖြစ် ပြန်လည်ခွင့်ပြုပေးရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မိမိ မေးမြန်းခဲ့ပါကြောင်း၊ ပါတီတစ်ခု၏ အမည်ဖြင့် မြေငှားစာချုပ်ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ဝန်ကြီး၏ အဖြေကို ပြည်ထောင်စုဝန်ကြီးများ ဖြေကြားခဲ့ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဆက်စပ်မေးခွန်းအဖြစ် တင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စီစစ်ဆုံးဖြတ်ချက်အရသာ ပြန်လည်ဆောင်ရွက်နိုင် ပြီဖြစ်ပါကြောင်း အကြောင်းပြန်ဖြေကြားခဲ့ပါကြောင်း၊ ၎င်းမြေကွက် သည် မြို့စတင်တည်ထောင်စဉ်ကပင် ကလေးအားကစားပန်းခြံအဖြစ် တည်ရှိခဲ့သည့်အတွက် ၎င်းမြေနေရာအား မူလအတိုင်း အားကစား ပန်းခြံ အဖြစ် ပြန်လည်ခွင့်ပြုပေးပါရန် မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးစောနိုင်၏ မေးခွန်းက ၉ ရပ်ကွက်၊သစ္စာလမ်းနှင့် ဝေဇန္တရာလမ်းထောင့်ရှိ အားကစားပန်းခြံ ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီးက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး တွင် ဖြေကြားခဲ့ ပါကြောင်း၊ ဖြေကြားခဲ့သည့်အပေါ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်းပန်းခြံကို မူလအတိုင်း ပြန်လည်ခွင့်ပြုပေးရန် စီစဉ်ထားသည့် အချက်ကို မေးမြန်း ထားခြင်းဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ၎င်းမြေနှင့် ပတ်သက်ပြီး စီမံခန့်ခွဲခွင့်ရှိသည့် ဌာန အဖွဲ့အစည်းမှဖြစ်စေ၊ တရားရုံးမှဖြစ်စေ အဆုံးအဖြတ်ပြုနိုင်ပါကြောင်း၊ မိမိတို့ ကော်မရှင်အနေဖြင့် ၎င်းဆုံးဖြတ်ချက်အပေါ်တွင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပါတီများနိုင်ငံရေးပါတီများ ဥပဒေအရဆိုလို့ရှိသည့်အတွက် ၎င်းဥပဒေ၏ အခန်း (၁၂) ပုဒ်မ ၅ တွင် ပါပါကြောင်း၊ နိုင်ငံတော်၏မြေကို တိုက်ရိုက်ဖြစ်စေ၊ Directly, Indirectly ရယူထားပါက ၎င်းပါတီကို ဖျက်သိမ်းနိုင်သည်ဆိုသည့် ပုဒ်မရှိပါကြောင်း၊ ပုဒ်မ ၁၂ ပုဒ်မခွဲ(၅)၏ Exception-2 တွင် ရှိပါကြောင်း၊ခြွင်းချက်(၂)တွင်ပါပါကြောင်း၊
ဤပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို နိုင်ငံတော်အစိုးရဖြစ်စေ၊ နိုင်ငံတော်အစိုးရမှ တရားဝင် ခွင့်ပြထားပါကြောင်း၊ Lease from the Union on Payment သုံးပါကြောင်း၊ နိုင်ငံတော်မှ Lease အငှားချထားသည့်မြေ၊ ဂရန်ကျပြီးဖြစ်သည့်အတွက် ခြွင်းချက်(၂)အရ မိမိတို့ လုပ်ပိုင်ခွင့်မရှိပါကြောင်း၊ ပုဒ်မ ၅ နှင့် ဆက်စပ်မှု၊ ငြိစွန်းမှုမရှိပါကြောင်း၊ မိမိအနေဖြင့် ပြောခဲ့သည့် ဂရန်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဂရန်ချပေးပြီးလျှင် အငှားဂရန် ချပေးပြီးဖြစ်သည့်အတွက် မိမိတို့ ကော်မရှင်အနေနှင့် ထိုကိစ ဆောင်ရွက်ပိုင်ခွင့်မရှိပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းအနေနှင့် ၎င်းမြေသည် နိုင်ငံတော်ပိုင် မြေဖြစ်ပါကြောင်း၊ ဂရန်ကိုဖျက်ပြီး မိမိတို့နိုင်ငံရုံးပါတီအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
ဒေါက်တာစောနိုင်(တောင်ဥက္ကလာပ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် လွှတ်တော်အပြီး ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင်လည်း ၎င်းပန်းခြံနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်ဆုံးဖြတ်ချက်အရ ဆောင်ရွက်မည်ကို မြို့တော်စည်ပင် မှ ပြည်သူလူထု ကို ပြောကြားသည့်အခါ ပြည်သူလူထုမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်မှတ်ရေးထိုး တင်ပြမည်ဟု ပြောကြားကြပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း(၂)တွင်လည်း နိုင်ငံတော်ပိုင်ပစ္စည်း၊ အဆောက်အဦများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူခြင်းမရှိရဟုလည်း ပါရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အားကစား ပန်းခြံကို ပြန်လည် ခွင့်ပြုပေးရန် လေးလေး နက်နက်ပြန်လည်စဉ်းစားပေးပါရန် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးလှတင့်
မြေစီမံခန့်ခွဲပိုင်ခွင့်ကိစ္စဖြစ်သည့်အတွက် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ဆောင်ရွက်ပိုင်ခွင့်မရှိပါကြောင်း၊အကယ်၍မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ၎င်းဂရန်ကို ပယ်ဖျက်ပြီး ပါက နိုင်ငံတော်ပိုင်မြေဖြစ် သွားပါကြောင်း၊ ၎င်းမြေပေါ်တွင် ကျူးကျော်ဝင်ရောက်နေထိုင်သည်ဆိုပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မိမိတို့ ဆက်လက်အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆက်စပ် ဖြေကြားပါသည်။
