မက်မန်းမြို့သည် တောတောင်ထူထပ်၍ သွားလာရေးခက်ခဲသည့်ဒေသဖြစ်ပါကြောင်း၊ ပင်လယ်ရေ မျက်နှာပြင်အထက် ၅၁၈၀ ပေ တွင် ရှိပြီး အစစအရာရာဖွံ့ဖြိုးတိုးတက်ရန်နောက်ကျနေသည် မြို့နယ်ဖြစ် ပါကြောင်း၊ မက်မန်းမြို့နယ်တွင် ရပ်ကွက်ကြီးနှစ်ခု၊ ကျေးရွာအုပ်စု ၁၁ ခုနှင့် ကျေးရွာပေါင်း ၉၇ရွာ ရှိပြီး လူမျိုး အနေဖြင့် လွယ်လ၊ ဗမာ၊ လားဟူ၊ ရှမ်း မှီတင်းနေထိုင်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်နားချိန်မှာ ရွေးကောက်ပွဲနယ်မြေကိုသွားရောက်ပြီး ဒေသခံမြို့မိ၊မြို့ဖ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံသည့်အခါတွင် ဒေသလိုအပ်ချက် အများဆုံး မှ ကျေးရွာချင်းဆက်လမ်းများကို တင်ပြသည်ကိုတွေ့ရှိရပါကြောင်း၊၎င်းလူသွားလမ်း များ သည် ဥပမာ-မိုးတွင်းတွင် အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရပ်/ကျေး စာရေး များကိုခေါ်သည့်အခါ တချို့မှ သုံးညအိပ် လေးရက်အထိလာရပြီး အစည်းအဝေးများ အချိန်မမီသည် များကိုလည်းတွေ့ရှိရပါကြောင်း၊လူသွားလမ်းများကို ဆိုင်ကယ်လမ်းလုပ်ပြီး သွားရပါကြောင်း၊ ဒေသ ထွက်ကုန်များ ကိုလည်း ကျေးရွာများမှနေပြီး ဆိုင်ကယ်နှင့်မိုင်းပျဉ်း-မက်မန်း လမ်းထိရောက်အောင် သယ်ယူပို့ဆောင်လျက်ရှိတာကိုလည်း တွေ့ရှိရပါတယ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင် ရွက်ရာတွင် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင် လျက် ရှိပါကြောင်း၊ ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပြီးပါက ကျေးရွာနေ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုတို့ကို များစွာ အထောက်အကူပြုမှာလည်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးချက်အရ RE တွင် ၎င်းလမ်းပိုင်းပါဝင်သည်ကို လည်း တွေ့ရပါကြောင်း၊ လာမည့် ၂၀၁၇-၁၈ ခုနှစ် BE မှာလည်း လျာထားတာကိုတွေ့ရပါကြောင်း၊ မိမိသိရှိလိုသည်မှာ (က) ငှက်ယောင်း-ပန်ပွဲ-ဝမ်ကွမ်-ကျူရစ်-ပန်ကော်မြေသားလမ်း(၁၂)မိုင်း၊ (ခ) ရောင်အူ (ဝ)-ရောင် ကွန်မြေသားလမ်း (၇)မိုင် ၊(ဂ) ရောင်စောင်း-ခိုဟင်မြေသားလမ်း(၁မိုင်၃ဖာလုံ) တို့ကို ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ် ပေး ရန်အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ဆောင် ရွက်ပေးမည်ကို သိလို ပါကြောင်း မေးမြန်းပါသည်။
ငှက်ယောင်း-ပန်ပွဲ-ဝမ်ကွမ်-ကျူရစ်-ပန်ကော်လမ်း(၁၂/ဝ)မိုင်အနက် ငှက်ရောင်းမှကျူရစ်အထိ (၆/ဝ) မိုင်မြေသားလမ်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေတွင် ငွေကျပ် ၁၀၃.၃၉၂ သန်းလျာ ထားပြီးဖြစ်ကြောင်း၊ ရောင်စောင်း-ခိုဟင်မြေသားလမ်း(၁/၃)မိုင်အပါအဝင် နမ့်တော်-ရောင် စောင်း -ခိုဟင်လမ်း(၆/ဝ)မိုင်အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ တွင် ငွေကျပ် ၁၀၃.၃၉၂ သန်းဖြင့် အဆိုပြု လျာထားပြီး၊ ကျန်ရှိသည့် လမ်းပိုင်းများဖြစ်သည့် ရောင်အူ(ဝ)-ရောင်ကွန်မြေသားလမ်း ၇ မိုင်နှင့် ငှက်ယောင်း-ပန်ပွဲ-ဝမ်ကွမ်-ကျူရစ်-ပန်ကော်လမ်း ၆ မိုင်လမ်း အပိုင်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စိစစ်ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်အလိုက်ဦးစားပေး အစီ အစဉ်အတိုင်း ရန်ပုံငွေ ခွင့်ပြုဝင်ဆံ့မှုနှင့်အညီ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွား မည်ဖြစ် ပါကြောင်း ဖြေကြားခဲ့သည်။
