ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးအားတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာအဆောင်အမှတ် (I-11) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ်ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရး၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် နော်ဝေနိုင်ငံအနေဖြင့်ပါဝင် ပူးပေါင်းကူညီ ဆောင်ရွက်သွားနိုင်မည့် အခန်းကဏ္ဍတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ကော်မရှင်ဥက္ကဋ္ဌနှင့် အတူအဖွဲ့ဝင်ဦးကိုကိုနိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

Standard (Image)