သံဖြူဇရပ်မြို့သည် ၁၉၆၄ ခုနှစ်၌ တိုက်နယ်ကျေးရွာအဆင့်မှ မြို့နယ်မြို့အဆင့်သို့ တိုးမြှင့်တည်ထောင်၍ ပြန်တမ်းထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း ရွာမြေကို အခြားနည်းအသုံးပြုရ၍ ထုတ်ပေးထားခြင်း မတွေ့ရှိရပါကြောင်း၊မြို့လူထုသည် ၅၂ နှစ်ကျော် ကာလအတွင်း တော်လှန်ရေးကောင်စီမှ ယခု ပါတီစုံဒီမိုကရေစီဆိုသည့် ခေတ်ငါးခေတ်တိုင်အောင် အစိုးရအဆက်ဆက်နှင့် တွေ့ကြုံရာတွင် ကိုယ့်အားကိုယ်ကိုး ကျောင်း၊လမ်းတံတား၊မြို့တွင်းပလက်ဖောင်း၊နာရီစင်၊စရိတ်မျှပေးဆေးရုံ၊ ဓာတ်မှန်ခန်း၊ ရေကန်၊ မီးသတ်ကား၊ မီးသဂြိုလ်စက်၊လျှပ်စစ်ဓာတ်အားလိုင်း၊ထရန်စဖော်မာ၊ နှင်းကွဲမီးနှင့် ခလရ (၆၂) ယာယီတပ်စခန်းစသည့် လုပ်ငန်းများကို အစိုးရများသို့ လှူဒါန်းပံ့ပိုးပေးခဲ့ပါကြောင်း၊ အလွန်စေတနာကောင်းသည့် မြို့သားများဟုလည်း ဆိုနိုင်ပါကြောင်း၊ သို့သော် ယခုတိုင် မည်သည့်အစိုးရကမှ မြို့အိမ်ခြံမြေဂရန်လုပ်ပေးခဲ့ခြင်း မရှိပါကြောင်း၊ မြို့သားတစ်ဦး အနေဖြင့်လည်း နက်နက်နဲနဲခံစားရပါကြောင်း၊ မြို့ဧရိယာ ၂၀၇၈ ဧက၊ အိမ်ထောင်စုပေါင်း ၅၈၅၉ နှင့် ရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းထားရာတွင် မြို့ကွက်သစ်ဖြစ်သော အောင်သာယာတစ်ရပ်ကွက်တည်းသာလျှင် အခြားမြေ အသုံးပြုခွင့် ချထားပေးနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ပထမအကြိမ် လွှတ်တော်အစိုးရ လက်ထက် က မြေဂရန်လျှောက် ထားနိုင်သည်ဆိုငြား ငွေကြေးချမ်းသာသောသူအချို့နှင့် ဘဏ်ချေးငွေချေးလိုသူအချို့သာ ဂရန်မြေလျှောက်ရန် ကြိုးစားကြပြီး လုပ်ငန်းစဉ်နှစ်ခုရှိကြောင်း ပထမအဆင့်အနေဖြင့် အခြားနည်းအသုံးပြုခွင့်ကျရန် မြေ ၁၅ သိန်း ကျပ်ခန့် ကုန်ကျကြောင်း ၊ဒုတိယအဆင့် ဂရန် ကိုမူမရသေးကြောင်း လူထုကြားတွင် သတင်းပြန့်နှံ့လျက်ရှိပါကြောင်း၊ လုပ်နည်းလုပ်ဟန်များကို မိမိမှလေ့လာဆန်းစစ်ရာတွင် ပထမအဆင့်အနေဖြင့် လယ်မြေစီမံခန့်ခွဲမှု စာရင်းအင်းရုံးသို့ မြေပုံကြမ်းထုတ်ပေးရန် ၁၀၃ ပုံစံဖြင့် တောင်းခံရပါကြောင်း၊ မြေပုံကြမ်းရရှိပြီးပါက အခြားနည်းထုတ်နုတ် သုံးစွဲခွင့်ရရန်အတွက် ပုံစံ (၁၀၅) ရရန် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ ဝန်ကြီး၊ ဝန်ကြီးချုပ်၊ စားပွဲအသီးသီးကို တင်ပြစိစစ်ခံခြင်းလုပ်ရပါကြောင်း၊ ၎င်းကဲ့သို့ ပြုလုပ်မှသာလျှင် သတ်မှတ်စကေး ၆၄.၁ မိုင်နှုန်းနှင့် မြေပုံချောထုတ်ပေးရန် လျှောက်ထားရပြီး မြေပုံချောရရှိပြီးပါကလည်း ဂရန်လျှောက်ရသည့် အဆင့်ရောက်ရှိမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးမှ ဗဟိုမြေ/စီ၏ အမိန့်ဖြင့် ဂရန်ချပေးသည်ကို တွေ့ရှိရပါကြောင်း၊ နဂိုက ဂရန်မရှိ၍ လျှောက်ထားသည့် လုပ်ငန်းစဉ်တွင် အိမ်ခြံမြေအရောင်းအဝယ်စာချုပ် တရားဝင် စာချုပ်ဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားသည့် အတွက်ကြောင့် နားလည်မှုရယူရန် အခွင့်သာနေခြင်း၊ စားပွဲတိုင်းတင်ပြရာတွင် အချိန်ကာလသတ်မှတ်ပေးထားခြင်း မရှိသည့်အတွက် အမြန်ကြေးတောင်းရန် အခွင့်သာခြင်း၊ အဆင့်များ မလိုအပ်ဘဲများခြင်း၊လာဘ်ပေးလာဘ်ယူဖြစ်စေနိုင်သော ကြိုးနီစနစ်ဟောင်းကြီး ဖြစ်နေခြင်းကြောင့် မြို့လူထုက ဂရန်ရလိုစိတ် ပြင်းပြသော်လည်း လျှောက်ထားရန် ဝန်လေးကြကြောင်း သိရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၃၅၆၊ ပုဒ်မ ၃၅၇ တို့တွင် ဖော်ပြချက်အရ မိမိလုပ်အားဖြင့်ရှာဖွေထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊မရွှေ့ပြောင်းနိုင်သောပစ္စည်းများ ပိုင်ဆိုင်မှု၊ လုံခြုံမှုနှင့် အမွေဆက်ခံရေး တို့ကို နိုင်ငံတော်က နိုင်ငံသားတို့အား ဥပဒေအရ အကာအကွယ်ပေးရမည်ဖြစ်ပါကြောင်း၊ လက်ရှိမူခြံမြေရှိသော်လည်း ဂရန်မရှိသည့်အတွက်ကြောင့် မြို့သူမြို့သားများအား ဘဏ်တွင်ငွေချေးငှား၍ မရပါကြောင်း၊
ယခုအခါ ထိုသို့မြေဂရန်ချမှတ်ပေးရေးမလုပ်ဘဲ ကျေးရွာဂရန် တစ်နှစ်တစ်ရွာနှုန်း လုပ်ပေးနေသည်ဟု ပြန်လည်ဖြေကြားပါကြောင်း၊ ဝန်ထမ်းအင်အားလည်း မနိုင်သည့် အကြောင်းနှင့် စီမံချက်သည်လည်း ၄၁ ရပ်ရှိသည့်အတွက် မြို့နယ်အတွက် အားလုံးပြီးရန် ၄၁ နှစ်ကြာမည့်သဘောရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာ ဥယျာဉ်ခြံမြေအဖြစ်သာ အမည်ပေါက်နေသော သံဖြူဇရပ်မြို့ကို ပိုင်ဆိုင်မှုခိုင်မာသော မြို့အိမ်ခြံမြေဂရန်ရရှိရေး အထူးစီမံချက် ချမှတ်၍ ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။