(ခ)-(မြေပုံ၊ကံသာ၊ကပိုင်)လမ်း(၉)မိုင်(၁)ဖာလုံအား ကတ္တရာလမ်းခင်းရန်အတွက်မည်သို့စီမံဆောင်ရွက် မည်ကိုသိလိုခြင်း၊(မြေပုံ။ကံသာ။ကပိုင်)လမ်းပေါ်ရှိ ပြွန်ရှည်တံတားနှင့် ကျောင်းဂမော် တံတားတို့အား တည်ဆောက်မည့်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၅.၈.၂၀၁၆)

မြေပုံ-ကံသာ-ကပိုင် လမ်းသည် မြေပုံမြို့နှင့် စစ်တွေ-ရန်ကုန်အဝေးပြေး လမ်းမကြီးကို ဆက်သွယ်ပေး ထားသောလမ်းဖြစ်ပါကြောင်း၊ဦးဖေသန်း (မြေပုံ) ဘတ်ဂျက် (၂)နှစ်အတွင်း တိုင် (၅)တိုင် ဆောက်ပြီးသော်လည်း၊ ဧရာဝတီ ထီးချိုင့် တံတားသည်(၂)နှစ် အတွင်း တံတားတစ်စင်းလုံးပြီးသွားပါကြောင်း၊ မည့်သည့်အတွက် ဘဏ္ဍာငွေ ခွဲဝေချထားမှု မတူညီသည်ကို ဝန်ကြီးဌာနအနေဖြင့် ဖြေရှင်းပေးနိုင်မည်ဟု ထင်ပါကြောင်း၊ ပြွန်ရှည်ချောင်း ကို တံတားအရှည်သည် ပေ ၁၀၈၀ တံတားဖြစ်ပြီး၊ ကျောင်းဂမော် မြစ်ကူးတံတားမှာ ပေ ၂၃၅၀ ရှည်ပါကြောင်း၊၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြေပုံ-ကံသာ-ကပိုင်လမ်း ၉ မိုင် ၁ ဖာလုံအား ကတ္တရာခင်းမည် ဟု ဝန်ကြီးဌာနမှ စာဖြင့်ဖြေကြားထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုအောက် တွင်ရှိသော လမ်း/တံတားကိုတည်ဆောက်ရန် ဘဏ္ဍာခွဲဝေချထားမှုတွင် ဘဏ္ဍာငွေ နည်းပြီး အချိန်ကာလ လည်း ကြာမြင့်ပါကြောင်း၊ ပြည်ထောင်စုအစိုးရစီမံခန့်ခွဲမှု အောက်မှာရှိသော လမ်းတံတား တည်ဆောက် ရေး အတွက် ဘဏ္ဍာခွဲဝေမှုသည် အလွန်များပါကြောင်း၊ လုပ်ငန်းများမြန်ဆန်သည်ဆိုသည်မှာ အမှန် တကယ် ဖြစ်နိုင်/မဖြစ်နိုင်ကို သိရှိလိုပါကြောင်း မေးမြန်းသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြေပုံ-ကံသာ-ကပိုင်လမ်းပိုင်း သည် မြေပုံမြို့နယ်မှ ရန်ကုန်-စစ်တွေကားလမ်းမကြီး မိုင်တိုင် ၆၉/၀ ကို ခွဲထွက်သွားသည့် လမ်းဖြစ်ပြီး မိုင်တိုင် ၃/၃ မှ မိုင်တိုင် ၁၂/ ၄ အထိ ၉ မိုင် ၁ ဖာလုံ ရှည်လျား ပါကြောင်း၊ အဆိုပါလမ်းသည် ပြည်နယ်အစိုးရအဖွဲ့ မှစီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး ၃၁-၃-၂၀၁၆ ရက်နေ့တွင် ကျောက်လမ်း ၈ မိုင် ၄ ဖာလုံ၊ တံတားတည်ဆောက်ရန် ချန်လှပ်ထားသည့် နေရာ ၅ ဖာလုံ စုစုပေါင်း ၉ မိုင် ၁ ဖာလုံ ဖြစ်ပါကြောင်း၊ မြေပုံ-ကံသာ-ကပိုင်လမ်းအပိုင်းသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေ မှ ကျပ်ပေါင်း ၂၆၁၁.၈၄ သန်းနှင့် ၁၆ ပေအကျယ် တစ်ကြောင်းထိုးလမ်းဖောက်လုပ်ခြင်း ၉ မိုင် ၁ ဖာလုံ၊ ၁၄ ပေ အကျယ် လမ်းတာပေါင် တည်ဆောက်ခြင်း ၆ မိုင် ၃ ဖာလုံ၊ ကျောက်ချောလမ်းခင်းခြင်း ၈ မိုင် ၄ ဖာလုံ၊ ပေ ၁၂၀ ပဲကောက်တံတားနှင့် ရေပြွန်တံတားစုစုပေါင်း ၃၆ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် မြေပုံ-ကံသာ-ကပိုင်လမ်းပေါ်ရှိ ဇင်ရော် မော်‌တောင်ကုန်း၊ ဝါးရုံ  တောင်ကုန်း နှင့် အခြားတောင်ကုန်း ရှစ်နေရာတွင် Gradient နှိမ့်၍  ကျောက်လမ်းခင်း၍ ရာသီမရွေး သွားလာနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ရှိ မြေပုံ-ကံသာ-ကပိုင်လမ်း၊ မိုင်တိုင် ၇/ဝမှ ၇/၂ အတွင်းရှိ ပြွန်ရှည်တံတားသည် ပေ ၁၂၀၀ ရှည်၍ နှစ်လမ်း သွား ကွန်ကရစ် တံတားဖြင့် တည်ဆောက်မည်ဆိုပါက ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၄၈၀၀ ဖြစ်ပြီး၊ မိုင်တိုင် ၉/၆ နှင့် မိုင်တိုင် ၁၀/၀ အတွင်းရှိသည့် ကျောင်းဂမော်တံတားသည် အလျားပေ ၃၄၅၀ရှည်ပြီး သံမဏိသံပေါင် တံတားအမျိုးအစားဖြင့် တည်ဆောက်ရန်အတွက် ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၅၅၂၅ သန်း ဖြစ်ပါကြောင်း၊ အဆိုပါ တံတားနှစ်စင်း၏ စီမံကိန်းတန်ဖိုး စုစုပေါင်းသည် ကျပ် ၂၀.၃၂၅ ဘီလီယံ ဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေခွဲဝေရရှိမှုသည် ကျပ် ၂၅.၅၀၈ ဘီလီယံခန့် ရှိသည့်အတွက်  ပြည်နယ်ရန်ပုံငွေ လျာထားချက်တွင် ထည့်သွင်းဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်းနှင့် ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်းပြီးအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း၊ မြေပုံ-ကံသာ-ကပိုင်လမ်းမှာရှိသည့် တံတားကြီး နှစ်စင်းတည်ဆောက်ရန် ရန်ပုံငွေများစွာလိုအပ်ပြီး လမ်းအပိုင်းကိုရာသီမရွေး သွားနိုင်အောင်စီမံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြေပုံမြို့မှ ရန်ကုန်-စစ်တွေလမ်းကို မြေပုံ-မင်းပြားလမ်း မှလည်း သွားနိုင်အောင် စီစဉ်ထားပါကြောင်း၊ မြေပုံ-မင်းပြားလမ်းသည် စုစုပေါင်း ၂၄ မိုင် ၇ ဖာလုံ ရှည်လျားပြီး ကတ္တရာလမ်း ၃ မိုင် ၄ ဖာလုံနှင့် ကျောက်လမ်း ၂၁ မိုင် ၃ ဖာလုံ ရှိပါကြောင်း၊ မြေပုံ-မင်းပြားလမ်း မိုင် ၂၂/၄ နှင့်၂၃/၁ အတွင်းရှိသည့် ကြပ်စင်တံတားသည် ပေ ၁၉၂၀ ရှည်ပြီး စီမံကိန်းတန်ဖိုးသည် ချဉ်းကပ်လမ်းအပါအဝင် ကျပ်သန်းပေါင်း ၁၁၉၀၀ ဖြစ်ပါကြောင်း၊ ၎င်းတံတားအတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၁၉၃၄.၁၈၇ သန်းရရှိပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်စဉ်ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိပါ က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကြပ်စင်တံတားတည်ဆောက်နေစဉ်အတွင်း မြေပုံ-မင်းပြားလမ်း မှ တစ်ဆင့် ရန်ကုန်သို့မော်တော်ကားဖြင့် သွားလာနိုင်ရန် စီစဉ်ထားပါကြောင်း၊ မြေပုံ-မင်းပြားလမ်းကို  ကတ္တရာလမ်းအဆင့်ရောက်ရန် ဘဏ္ဍာနှစ် အလိုက်ရရှိသည့် ရန်ပုံငွေအပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လမ်းတံတား လုပ်ငန်းများ အသစ်တည်ဆောက်ရာတွင် နိုင်ငံ တစ်ဝှမ်း လမ်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်၍ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေပေးနိုင်မှုအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်များရေးဆွဲ၍ အကောင်အ ထည်ဖော် ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းတံတားများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ စီမံ ခန့်ခွဲမှုအောက်ရှိ လမ်းတံတားများသည် စီမံကိန်းရေးဆွဲထားသည့် ဦးစားပေးအစီအစဉ်နှင့် ရန်ပုံငွေရရှိမှု အပေါ်တွင် မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ စီမံခန့်ခွဲမှု အောက်ရှိ လမ်းတံတားတည်ဆောက်ရေးအတွက် ဘဏ္ဍာငွေခွဲဝေမှုသည် အနည်းငယ်ကြာမြင့် ပြီး ပြည်ထောင်စုအစိုးရ စီမံခန့်ခွဲမှုအောက်တွင်ရှိသည့် လမ်းတံတားတည်ဆောက်ရေးအတွက် ဘဏ္ဍာငွေ ခွဲဝေမှုသည်များပြားသဖြင့် လုပ်ငန်းများမြန်ဆန်ခြင်းဖြစ်သည်ဟု ဆိုသည်မှာ မှန်ကန်ခြင်းမရှိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိလမ်းများ၊ တံတားများအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များအား ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိပါကြောင်း ဖြေကြားပါသည်။