(ဃ)-အလုံမြို့နယ်ရှိမြို့နယ်ပညာရေးမှူးရုံးမြေနေရာ အားအဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီကဆောင် ရွက်နေသော မြို့နယ်ပညာရေးမှူးရုံးအား ဆောက် လုပ်ပေးပြီးကျန်မြေနေရာများအားကုမ္ပဏီမှမည်ကဲ့ သို့ဆောင်ရွက်၍နိုင်ငံတော်အတွက်အကျိုးရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၁.၁၁.၂၀၁၆)

 

 

ဦးရဲလွင်(အလုံ မဲဆန္ဒနယ်)ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဗဟိုလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် (၂၄/အေ)၊ မြေကွက် အမှတ်(၄၁)၊ မြေဧရိယာအကျယ် (၁၃၉/၁၆၆)ပေ၊ မြို့နယ်ပညာရေးမှူးရုံး မြေနေရာအစိတ် အပိုင်း သည် ၄၅ x ၃၅ ပေ၊ RC ၃ထပ်တိုက်၊မြို့နယ်ပညာရေးမှူးရုံး ကို ဆောက်လုပ် ခွင့်ပြုကြောင်း ဆောက်လုပ်မှုကို ပညာရေးဝန်ကြီးရုံး၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၅) ဖြင့် သဘောတူညီ ခဲ့ပါကြောင်း ၊ ယခုအခါ အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီမှ အလုံမြို့နယ် ပညာရေးမှူးရုံး အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း စတင်ဆောင် ရွက် မည်ဖြစ်ကြောင်းကို ၂၀.၇.၂၀၁၆ ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံးသို့ို အကြောင်းကြားလာပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် အထူးဦးစားပေးဆောင်ရွက်နေသည့်  အခြေအနေ ဖြစ်ပါ ကြောင်း၊ ယခုမြေနေရာသည် အလွန် တန်ဖိုးရှိသော မြေနေရာဖြစ်ပြီး အချက်အခြာကြ၍ မြေလွတ်များ ရှားပါးနေသည့် နေရာလည်းဖြစ်ပါကြောင်း၊ အကယ် ၍ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ၊ပညာရေးနှင်‌့သက်ဆိုင်သော သင်တန်းကျောင်း များ ဆောက်လုပ်ရန် ၎င်းမြေနေရာကို ထားရှိပါက ပိုမိုသင့်တော်မည်ဟု ယူဆပါကြောင်း၊ ၎င်းမြေနေရာအား အဏ္ဏဝါမင်း ဆောက်လုပ်ရေးမှ မည်သို့ဆောင်ရွက်၍ ပညာရေး ဌာန နှင့် နိုင်ငံတော်အတွက် မည်သို့အကျိုးရှိမည်ကို ပွင့်လင်းမြင်သာစွာ မရှိသည်ကိုတွေ့ရှိရသဖြင့် သိလို ပါကြောင်းဖြင့် မေးမြန်းပါသည်။


 

အဖြေ

ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ်၊ ဗဟိုလမ်း၊ မြေတိုင်းရပ်ကွက်အမှတ်(၂၄/အေ)၊ မြေကွက် အမှတ်(၄၁)သည် ဆောက်လုပ်ရေး ဝန်ကြီးဌာန  မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန အမည်ပေါက်မည် ဖြစ်ပါကြောင်း၊ အဆိုပါမြေ၏ တစ်စိတ်တစ်ဒေသဖြစ်သော ဧရိယာ ဝ.၃၇၇ ဧက သည် ယခင် အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်း အလုံ အဖြစ်ဆောက်လုပ်ထားခဲ့ပြီး ယခုအခါ ထိုကျောင်း၏ ကျောင်း Sanction ကိုရုပ်သိမ်းပြီး ပညာရေးမှူးရုံးအဖြစ် ဆောက်လုပ်ဖွင့် လှစ်ထားခြင်း ဖြစ်သော်လည်း ပညာရေးဌာနပိုင် မြေအဖြစ် ရရှိမှုမရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊  ၎င်းမြေပေါ်တွင် အဏ္ဏဝါ မင်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ သဘော တူညီမှု အရ ခေတ်မီအဆောက်အဦ သုံးထပ်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ယခင်အခေါ်မှ ပညာရေး ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စအပေါ် ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၁၅)တွင် (၄၅ x၃၅)ပေ၊RC ၃ ထပ် အဆောက်အဦးနှင့် မြေနေရာကို လွှဲပြောင်းပေး အပ်မည်ဆိုပါက ဆောက်လုပ်မှုကို သဘောတူကြောင်း ကိုဆုံးဖြတ်ခဲ့ပါကြောင်း၊

အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ပညာရေးဝန်ကြီးဌာနတို့ သဘောတူဆောင်ရွက်ခြင်း မဟုတ်ဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနှင့်သာ သဘောတူဆောင် ရွက်ခဲ့ကြောင်း၊ပညာရေးဝန်ကြီး ဌာနအနေဖြင့် မြို့နယ်ပညာရေးမှူးရုံး ရှိနေသည့်အတွက် မြို့နယ်ပညာရေးမှူးရုံးအား အသစ်ပြန် လည် ဆောက် လုပ်ပေးရန်နှင့်မြေနှင့် အဆောက်အဦအားအပြီးအပိုင် လွှဲပြောင်းပေးမည်ဆိုပါက  အဆောက်အဦသစ် ဆောက်လုပ်ခြင်းကို ကန့်ကွက်ရန် မရှိကြောင်း ကိုသာ ပြန်ကြားခဲ့ပြီး ကျန်မြေဧရိယာနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်မှုမရှိပါကြောင်း ၊

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားမှုအရ အလုံမြို့နယ်၊ ဗဟိုလမ်း၊ မြေတိုင်း ရပ်ကွက်အမှတ်(၂၄/အေ)၊ မြေကွက်အမှတ်(၄၁)သည် အစိတ်အပိုင်း ၏ မြေဧရိယာ ဝ.၃၇၇ ဧကရှိ အစိုးရမြေပေါ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ယခုအခေါ်နှင့် အဏ္ဏဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ပညာရေးမှူးရုံးအတွက် (၄၅ x ၃၅)ပေ၊ RC ၃ ထပ် အဆောက်အဦ တစ်လုံးနှင်‌့ Basement ၁၅ ထပ်၊ Penthouse ကားပါကင် ၄ ထပ်၊ ဓါတ်လှေကား နှစ်စင်းပါ အဆောက်အဦတစ်လုံး ဆောက်လုပ်မြည်ဖစ်ပြီး အခန်းစုစုပေါင်း ၄၄ ခန်း၊ Penthouse ပါရှိ မည်ဖြစ်ကြောင်းနှင်‌့ အကျိုးအမြတ်ခွဲဝေမှုအရ ဌာမှ ၄၂ ရာခိုင်နှုန်း၊ လူနေမှုအခန်း ၁၉ ခန်းနှင့် ကုမ္ပဏီ မှ ၅၈ ရာခိုင်နှုန်း အခန်း ၂၅ ခန်း၊ Penthouse ရရှိမည်ဖြစ်ပါသည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။