ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) ဌာနေကိုယ်စားလှယ် Ms. Ans Zwerver ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် NDI အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးရှိ ဝန်ထမ်းများနှင့် လွှတ်တော် ကော်မတီများ အသီးသီးမှ ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများပို့ချနိုင်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်
Standard (Image)
