မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်အင်အားသည် ၆၀ တွင် အိမ်ထောင်စုပေါင်း ၄၄ အိမ်ထောင်စု၊ လူဦးရေအားဖြင့် ၁၇၅ ဦးရှိပါကြောင်း၊ ရဲဝန်ထမ်းများနေထိုင်ရသည့် တိုက်တန်းများသည် ၁၉၆၀-၁၉၆၂ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း၊ သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ပြီဖြစ်ပြီး လူနေထိုင်ရန် မသင့်တော်သည့် အန္တရာယ်အဆောင်များ ဖြစ်နေကြောင်း၊ ၎င်းကိစ္စအား ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီး သိရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် ရဲဝန်ထမ်းများ၏ နေထိုင်ရေးကို အဆောက်အအုံ အသစ်ဆောက်လုပ်ပေးနိုင်ပါရန်နှင့် ၎င်းတို့၏ တာဝန်အရ သွားလာသည့်အခါတွင် အသုံးပြုသည့်ယာဉ် အဟောင်းနှစ်စီးအား အသစ်လဲလှယ်ပေး နိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ရေနံမနယ်မြေရဲစခန်းနှင့် လက်ပံတံခါးရဲကင်းစခန်းတို့ တည်ရှိပါကြောင်း၊ မင်းလှမြို့မရဲစခန်းဝန်း အတွင်းရှိ အဆောက်အအုံများသည် နှစ်ကာလကြာမြင့်၍ ဟောင်းနွမ်း နေပြီးအမြင်တင့်တယ်မှု မရှိခြင်း၊ ပြင်ပနေတပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းပုံအရအင်အားထပ်မံ ဖြည့်တင်းလာပါက တပ်ဖွဲ့ဝင်များ နေထိုင်ရန် အဆောက်အအုံများ လိုအပ်လျက်ရှိခြင်းတို့ကြောင့် ခြောက်ခန်းတွဲ နှစ်ထပ်နှစ်လုံးနှင့် လူ ၃၀ ဦးဆန့် လူပျိုဆောင်တစ်လုံးတို့ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ မင်းလှမြို့နယ် တွင် နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး မှုခင်းကျဆင်းရေးလုပ်ငန်းများအတွက် မြို့ပေါ် လှည့်ကင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မြို့နယ်အတွင်းသို့ အရေးကြီးပုဂ္ဂိုလ်များ လာရောက်စဉ် လုံခြုံရေးဆောင်ရွက်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ Hilux Single Cab လုံခြုံရေးယာဉ်တစ်စီး၊ အချုပ်တရားခံများသယ်ဆောင်ရန် Foton အချုပ်ယာဉ်တစ်စီး စုစုပေါင်း မော်တော်ယာဉ်နှစ်စီး ထုတ်ပေးထားရှိပြီး မြို့မရဲစခန်းသို့ မော်တော်ယာဉ်ထုတ်ပေးထားခြင်းမရှိသေးပါသဖြင့် မော်တော် ယာဉ်တစ်စီးထုတ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကြံ့ခိုင်မှုကောင်းမွန်စေရန် ယာဉ်များပြင်ဆင် ရန်အတွက် သာမန်ပြင်ဆင်စရိတ် အသုံးပြုမှုအနေဖြင့် Hilux Single Cab ယာဉ်အတွက် တစ်နှစ်လျှင် ခြောက်သိန်းကျပ်အားလည်းကောင်း၊ Foton အချုပ်ယာဉ်အတွက် တစ်နှစ်လျှင် ခုနစ်သိန်းကျပ်အားလည်းကောင်း သတ်မှတ်ခွင့်ပြုပေးပြီး သာမန်ပြင်ဆင်စရိတ်ခွင့်ပြု သတ်မှတ် နှုန်းထားအပြင် လိုအပ်သည့် အစိတ်အပိုင်းများအား ထပ်မံ၍အကြီးစားပြင်ဆင်လိုပါက ကုန်ကျ စရိတ်ရရှိရေးအတွက် ဗဟိုစက်ပစ္စည်းစာရင်းနှင့်စစ်ဆေးဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြတောင်းခံနိုင်ပါကြောင်း၊ သို့ပါ၍ သရက်ခရိုင်၊ မင်းလှမြို့မရဲစခန်းအတွက် လိုအပ်လျက် ရှိသည့် ခြောက်ခန်းတွဲနှစ်ထပ်နှစ်လုံးနှင့် လူ ၃၀ ဦးဆန့် လူပျိုဆောင်တစ်လုံးတို့အား ဆောက်လုပ် ခွင့် ရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလအသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မော်တော်ယာဉ်အသစ်များထပ်မံ ရရှိလာပါက မြို့နယ်ရဲတပ်ဖွဲ့သို့ မော်တော်ယာဉ်တစ်စီး ထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီး မြို့နယ်ရဲ တပ်ဖွဲ့မှ လက်ရှိမော်တော်ယာဉ်အား မင်းလှမြို့မရဲစခန်းသို့ လွှဲပြောင်းထုတ်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
