၃၁-၇-၂၀၁၇ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနအောက်တွင်ရှိသော နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ်တို့တွင် လုပ်ငန်း ခွင်မျှော်လင့်ချက်ကင်းမဲ့မှု ခံစားနေရပြီး နိုင်ငံတော်တိုးတက်ရေးနှောင့်နှေးစေမယ့်မူဝါဒများ တိုက်ဖျက်ရန်အတွက် လုပ်ငန်းခွင် ရာထူးတိုးမညီမျှမှုများကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် နိုင်ငံတစ်ဝန်း ဖဲကြိုးပြာလှုပ်ရှားမှု စတင် ပေါ်ခဲ့ပါကြောင်း၊ ယခုလိုဖြစ်ရခြင်းမှ ဦးစီးဌာနမတူပါက နေရာအပြောင်းအရွှေ့မပေးသော်လည်း တစ်ဦးစ၊ နှစ်ဦးစ ပြောင်းပေးနေခြင်း၊ လက်ရှိနေရာတွင် သုံးနှစ်သာတာဝန်ထမ်းဆောင်ရန် ပြဋ္ဌာန်း ထားသော်လည်း ရာထူးတိုးနေရာပြောင်းရွှေ့သူများ ရှိနေသလို ရန်ကုန်တွင် ၁၀ နှစ်နီးပါးကြာ သည်အထိ အလုပ်လုပ်နေသော်လည်း ရာထူးတိုးပြီးမပြောင်းရွှေ့ရခြင်း၊ မကြာခင်က ရာထူးတိုးပြောင်း ရွှေ့ခြင်းပြုလုပ်ခဲ့ရာမှာ ရန်ကုန်တွင် အနေကြာသူများအား နယ် တက္ကသိုလ်များမှ အနေကြာသူများနှင့် တစ်လှည့်စီပြောင်းပေးရန်ဖြစ်သော်လည်း မပြောင်းရသူများရှိနေခြင်း၊ နယ်ဆင်းပြီးသူများကို နယ်ဝေးသို့ပြန်လွှတ်ခြင်း၊ ရန်ကုန်သူကို အနီးတစ်ဝိုက် မှ ရန်ကုန်သို့ပြန်ဝင်ခိုင်းခြင်း၊ Ph.D ဘွဲ့ရ ဒုတိယပါမောက္ခများအား ပါမောက္ခရာထူးသို့ တိုးမြှင့်ပေးရာတွင် အချို့မှာ ရာထူးတိုးပြီး တစ်နှစ်သာ ရှိသူများကို ထပ်မံ တိုးပေးခြင်းအပြင် နေရာမပြောင်းရွှေ့ခိုင်းခြင်း၊ နယ်သူများမှ ရာထူးတိုးထွက် မလာခြင်းကြောင့် နစ်နာရခြင်း၊ အချို့မှာ အလုပ်စဝင်စဉ်ကပင် ရာထူးတိုးမပေးခြင်းအပြင် ထိုသူများကို ရာထူးတိုးရန် စာမေးပွဲဖြေရမည်ဟု အမိန့်ထွက်လာ ခြင်းတို့ကြောင့် မကြာခဏ ပြောင်းလဲနေသည့်မူဝါဒ၊ မျှတမှုမရှိသည့်မူဝါဒများကြောင့် ဖြစ်သည်ဟုသိရှိရ ပါကြောင်း၊ အထက် Slide မှ ပြည်နယ်ကျောင်းတွေမှာမရှိတဲ့ ဌာန၏အမည်ကိုပြပြီး ရာထူးတိုးပေး လိုက်သော်လည်း မြို့ပေါ်ကျောင်းတွင်သာ တာဝန်ထမ်းဆောင်နေခြင်းသည် စာရွက်ပေါ်တွင်သာ ရာထူးတိုးပြီး နေရာပြောင်းရွှေ့ခြင်းနှင့် ဟန်ပြအလုပ်လုပ်နေသည်ကို မြင်တွေ့ရပါကြောင်း၊ လူထုကိုဗဟိုပြုပြီး ဆောင်ရွက်ကြရမည့် ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် စာရွက်ပေါ် မှာသာအလုပ်လုပ်ခြင်း သည် မဖြစ်သင့်သည့်ကိစ္စဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများ၏ အလုပ်ခွင် မျှော်လင့်ချက် ဘဝတက်လမ်းတွေကို ရိုက်ချိုးသလိုမဖြစ်စေရန် အမိမဲ့သား ရေနည်းငါးလို အားကိုးရာမဲ့မဖြစ်စေရန် တိကျမျှတသည့် ဌာနတွင်းမူဝါဒများနှင့် ကျင့်သုံးနိုင်ရန် ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော သရုပ်ပြအဆင့်မှ လက်ထောက် ကထိကနှင့် ပါမောက္ခအဆင့်ရာထူးတိုးပေးရာတွင် ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျမျှတစွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အမှန်တကယ် ဌာနတွင်တာဝန် ထမ်းဆောင်ခြင်းမ ရှိသော ပြည်နယ်ကျောင်းများတွင် အမည်ပြရာထူးတိုးပေးခြင်းအား နောက်ထပ်မဖြစ်အောင် တားမြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် စုစုပေါင်း ၁၅၆ ခုရှိပါကြောင်း၊ ၎င်းတက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများအားလုံး၏ ရာထူးတိုးကိစ္စရပ်တွေကို ဆောင်ရွက်သည့်နေရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အညီ ၎င်းတို့၏ လက်ရှိရာထူးလုပ်သက်၊ စုစုပေါင်း လုပ်သက်များ ကို အခြေခံပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တစ်ပြေးညီဖြစ်စေရေးဆိုတာ မူဝါဒအားဖြင့် တစ်ပြေး ညီဖြစ်စေရေးဖြစ် ပါကြောင်း၊ တစ်ဦးတစ်ယောက်ရာထူးတိုးရင် ရှိသမျှလူအားလုံး ရာထူးတိုးရမယ် ဆိုသည့် တစ်ပြေးညီကိုတော့ မဆောင်ရွက်နိုင်ပါကြောင်း၊ ဖွဲ့စည်းပုံလစ်လပ်မှုအင်အား၊ လုပ်ငန်းသဘောအရ လိုအပ်ချက်အင်အားအရသာဖြစ်ပါကြောင်း၊သို့သော် ရားထူးတိုးမြှင့်ရေး ဆောင်ရွက်သည့် မူဝါဒမှ အားလုံးအတွက် တစ်ပြေးညီဖြစ်ပါကြောင်း၊ အဆင့်မြင့် ပညာဦးစီး ဌာနလက်အောက် မှာရှိသည့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များတွင် သင်ကြားရေးတာဝန် ထမ်းဆောင်နေကြရသည့်ဆရာ၊ ဆရာမများအားလုံး ရာထူးအဆင့်အလိုက် တစ်ဆင့်မြင့်ရာထူးများ ပေးအပ်နိုင်ရေး၊ ပြောင်းရွှေ့တာဝန်ပေးအပ်နိုင်ရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ အချက်များ နှင့်အညီ ၎င်းတို့၏ လက်ရှိ ရာထူးလုပ်သက်၊ စုစုပေါင်းလုပ်သက် အစရှိတာတွေအခြေခံပြီး မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သတ်မှတ်ချက်ကိုက်ညီသည့် ရာထူးအဆင့်အသီးသီး အတွက် ရာထူး တိုး မြှင့်ပေးခြင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် အချို့အဆင့်များကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ နည်းပြ/သရုပ်ပြများ၏ ရာထူးတိုးကိစ္စရပ် များကို ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသည့်အတွက် ဆောင်ရွက် ရန်ရှိဖွယ်ကိစ္စရပ်များ အားလုံးဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ရာထူးတိုးအမိန့်များလည်း တစ်ပတ်ခြားစီ ရာထူးဝန်အဖွဲ့၏ ခွင့်ပြုချက်အတိုင်း ဆက်လက်ထုတ်ပြန်ပေးလျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ရာထူးတိုးမြှင့်ခြင်းတွေဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ရှိ ပါကြောင်း၊ ရာထူးတစ်ခုတိုးမြှင့်ပေးရန် ဖွဲ့စည်းပုံလစ်လပ်မှု၊ ရာထူးတူ ဆရာ/ဆရာမအားလုံးအတွက် သတ်မှတ်မူနှင့် ကိုက်ညီပါက အခွင့်အရေးသာတူညီမျှရရှိစေရေးနှင့် တန်းစီဇယားအတိုင်း ဘက် မလိုက်၊ နစ်နာမှုမရှိစေ ရေးတို့အတွက်ပါ ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ တက္ကသိုလ်အသီးသီးတွင် လက်ရှိရာထူးသတ်မှတ်ချက် ကိုက်ညီသူများအားလုံးကို တက္ကသိုလ်များ၏ ဖွဲ့စည်းပုံ အင်အားအလိုက် တစ်ဆင့်မြှင့်ရာထူးပေးအပ်ခြင်းများကို ဆောင်ရွက်ပြီး ဖွဲ့စည်းပုံလုံလောက် ခြင်းမရှိသည့်အတွက် တက္ကသိုလ်များမှာ ၎င်းတို့၏ဘာသာရပ်တူ အခြားတက္ကသိုလ်များ၏ ဖွဲ့စည်းပုံအချို့ ကို ရယူဆောင်ရွက်ပြီး သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသားအင်အားများသည့် တက္ကသိုလ်များတွင် တွဲဖက်ထမ်းဆောင်ခြင်းမျိုးသာ ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်နေရာတွင် စုစုပေါင်းနှစ် ဦးသာရှိပါကြောင်း၊ နောက် ရာထူးတူ၊ အရည်အချင်းတူလျှောက်သည့် အထဲတွင် ခြောက်ဦး ရာထူးတိုးမရရှိခြင်းသည် ၎င်းတို့သည် ဆန္ဒပြုစဉ်က ဒေသမရွေး တာဝန်ထမ်းဆောင်ပါ မည်ဟု ကတိခံ ဝန်ချက်မပြုခဲ့ပါကြောင်း၊ မိမိလက်ရှိတက္ကသိုလ်တွင်သာ ဆက်လက်တာဝန်ထမ်း ဆောင်လိုပါကြောင်းနှင့် ဖွဲ့စည်းပုံအရ ရာထူးတိုးပါကလည်း ရာထူးတိုးမယူပါကြောင်း ပြောထားသူများသာဖြစ် ပါကြောင်း၊ မိမိတွင် ၎င်းအမူတွေ၊ အသေးစိတ်ဇယားများ အပြည့်အစုံပါပါကြောင်း၊ အချိန်ကိုလေးစားသောအားဖြင့် ဇယားတစ်ခုချင်း၊ အသေးစိတ်တင်ပြခြင်း မပြုတော့ပါကြောင်း။
ဇွန်လတွင် ဖဲကြိုးပြာလှုပ်ရှားမှုကို မိမိတို့ တွေ့ရပါကြောင်း၊ စသိတုန်းက မည်သူမည်ဝါက ဒါကို မမျှတဘူး၊ ဘယ်အချက်က မမျှတဘူး၊ ဘယ်လောက်ဘယ်နေရာများတွင် မသင့်လျော်ဘူး ဖြစ်နေသည် ကို မိမိတို့အတိအကျမသိပါကြောင်း၊ မိမိတို့အနေဖြင့် ပွင့်လင်းမြင်သာစွာ နိုင်ငံတော်ဖွဲ့စည်းပုံ၊ ဝန်ထမ်းဥပဒေ၊ အဆင့်မြင့်ပညာဦးစီးဌာန၏မူဝါဒ၊ လက်ရှိ အင်အား၊ လစ်လပ်နေသည့် ဖွဲ့စည်းပုံ၊ သတ်မှတ်ထားသည့်ပညာအရည်အချင်း တို့ကိုအကုန်ကြည့်၊ မသင့်လျော်တာ၊ မဆီလျော်တာများ ရှိပါကပြောကြပေးရင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့မှလည်း ဆရာဆရာမ အများစု၏ ဆန္ဒများဖြစ်သင့်၊ ဖြစ်ချင်သည်များကို ညှိနှိုင်းသည့်အခါ ဥပဒေအရဖြစ်ပါက မိမိတို့ ဆောင်ရွက်ပေးခဲ့ခြင်းများရှိပါကြောင်း၊
နောက်တစ်ပတ်ကျတော့ နည်းပညာနှင့်ကွန်ပျူတာ ဆရာများသမဂ္ဂဆိုပြီး ဖွဲ့ပါကြောင်း၊ ချက်ခြင်း မိမိတို့ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံဆရာများသမဂ္ဂကို ၎င်းအချက် အလက်အကုန်လုံးကို ချပြပါကြောင်း၊ ၎င်းဥပဒေကိုကျော်လွန်ပြီး မည်သည့်တစ်ခုမှ ဆောင်ရွက်၍မရပါကြောင်း၊ ဆောင်ရွက်ထားမှု အားလုံးသည် ဥပဒေဘောင်အတွင်းမှ ဟုတ်/မဟုတ်၊ မဟုတ်ပါက ချက်ချင်းလိုအပ်သည်များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့လည်း အသေးစိတ်ကြည့်သည့်အခါ ဘာမှအထူးအထွေ မကိုက်ညီ၊ မညီညွတ်ဘူးဟု မပြောပါကြောင်း၊ သို့သော် ဆရာ/ဆရာမအားလုံးအတွက် ဖြစ်နိုင်သမျှ ရာထူးတိုး ဆောင်ရွက်ပေးနိုင်ရန် သူတို့ မေတ္တာ ရပ်ခံခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ဆောင်ရွက်တဲ့နေရာမှာ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့၏ ကန့်သတ်ချက်များ၊ ၎င်းဆရာဆရာမတွေအားလုံးသည် အလုပ်ခွင်ကို တစ်စုတစ်ဝေးတည်း၊ တစ်ချိန်တည်း၊ တစ်နှစ်တည်း ဝင်တာများသည့်အတွက် ရှိသမျှလူအားလုံး တစ်ပြိုင်နက် ရာထူးတိုးခွင့်ရအောင် အခက်အခဲရှိပါကြောင်း။
ထို့အတွက် တချို့သော လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေလေးများ ဖြေလျှော့ပေးပါရန် ဝန်ထမ်းရွေးချယ် ရေးအဖွဲ့ ကို တင်ပြပါကြောင်း၊ ဝန်ထမ်းရွေးချယ်ရေး မှ ဥပဒေပြင်ရန်၊ ဥပဒေဖြေလျှော့ရန် မဖြစ်နိုင်သည့်အတွက် ဥပဒေတိုင်းလိုက်နာရပါကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်း အပိုင်းကို ပြန်လည်ညှိနှိုင်းပေးပါကြောင်း၊ အများသိကြသည့်အတိုင်း အရာထမ်းဝင်ပေါက် ရာထူးဖြေရန် သတ်မှတ်ထားသည့် စစ်ဆေးမှုများ ခံယူရပါကြောင်း၊ (၁) နိုင်ငံ့ဝန်ထမ်းဖြစ်ထိုက်/မဖြစ်ထိုက်၊ ရေးဖြေ စာမေးပွဲ၊ ပြီးရင် ကိုယ့်၏ပင်ကိုယ် အရည်အသွေး(Personality)များသိအောင် နှုတ်ဖြေဖြေရပါ ကြောင်း၊ ထို့အပြင်စိတ်အခြေအနေလည်း ဖြေရပါကြောင်း၊ များပြားသည့် Process များကို နည်းနည်း လေးနှင့်လွယ်ကူအောင် နှုတ်ဖြေတစ်မျိုးတည်းတွင် သုံးခုလုံးပါအောင် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ အနေ ဖြင့် မိမိတို့ကို ညှိနှိုင်းဖြေလျှော့ပေးပါကြောင်း၊
ဥပဒေအားဖြင့် ဆောင်ရွက်ရသော်လည်း ယခင့် နှစ်များတွင် ပြည့်စုံအောင်ဆောင်ရွက်ပေးနိုင် ခြင်းမရှိ သည့်အတွက် ဥပဒေအရ မပြည့်မစုံဆောင်ရွက်ခဲ့သည့် အခြေအနေမှ ဥပဒေအရ ပြည့်စုံအောင် ဆောင်ရွက်ရန် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့၏ ဥပဒေအရ လမ်းညွှန်ချက်များကို ဆောင်ရွက်သည့်အခါ မလိုအပ်ဘဲ စာမေးပွဲစစ်ခြင်း၊ လူတွေ့မေးသည်ဟု ဆရာဆရာမများဘက်မှ ထင်စရာမြင်စရာများ ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေပါ အချက်အလက်များအတိုင်း အားလုံးလိုက်နာပါကြောင်း၊ ဖွဲ့စည်းပုံရှိသမျှကိုလည်း အသုံးပြုလို့ရပါကြောင်း၊ လုပ်ငန်းအရ လိုအပ်သမျှကိုသာ ခန့်ထား၍ ရပါ ကြောင်း၊ ဝန်ထမ်းရွေးချယ်ရေး ဥပဒေအရ အဆင့်များစွာ လိုသည့်တိုင်အောင် ၎င်းအဆင့်များ ကိုချုံ့ပြီး သဘောတရား အားလုံးတစ်ခါ တည်းပြည့်စုံအောင် ဝန်ထမ်းရွေးချယ်ရေး ဥက္ကဋ္ဌကြီး၏ ခွင့်ပြုချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်ရာထူးတိုး လျှောက်ထားသော ဆရာ/ဆရာမ များအားလုံး အခွင့်အရေး နစ်နာမှုမရှိစေဘဲ ညီညီမျှမျှ ရရှိနိုင်ရေး အတွက် တက္ကသိုလ်များမှ ဘာသာရပ်အလိုက် လိုအပ်ချက်ရှိသည့် ဆရာ/ဆရာမများကို စီမံခန့်ခွဲရေးနည်းလမ်းများအရ ရာထူးတိုးမြှင့်ဖြည့်စွက်ခန့်ထားခြင်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။
