ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr.Paul R. Seger အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်သည် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr.Paul R. Seger အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတည်တံ့ခိုင်မြဲရေး၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်မြင့်မားလာရေး တို့အတွက် ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံဘဏ်လုပ်ငန်းဆိုင်ရာဥပဒေများနှင့်စပ်လျဉ်းပြီး နိုင်ငံတကာအတွေ့အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်ပြီး အကြံဉာဏ်ကောင်းများ ဖလှယ်နိုင်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။

၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်

 

Standard (Image)