(စ)-လဟယ်မြို့နယ်ရှိကားရော်အိုဒေါက်၊ တွေးထွေနောက်ကျော့၊ တွေးထွေနောက်အင်း၊ ဆပ္ပလော်ရွာမ၊ လန်းတိုင်းနောက်အင်း၊ ခါးလယ်၊ စံတုံနှင့် အံ့ပေါ်ရွာများရှိ ကျောင်းဆောင်များအား အဆင့်မြှင့်တင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၁၀.၂၀၁၇)

ဦးသက်နောင် (လဟယ်) လဟယ်မြို့နယ်ရှိ ကားရော်အိုဒေါက်၊ တွေးထွေ နောက်ကျော့၊ တွေးထွေနောက်အင်း၊ ဆပ္ပလော်ရွာမ၊ လန်းတိုင်းနောက်အင်း၊ ခါးလယ်၊ စံတုံနှင့် အံ့ပေါ် ကျေးရွာရှှိ ကျောင်းဆောင်များသည် ကျောင်းသူ ကျောင်းသားများ၊ ကျေးရွာသူကျေးရွာသားများနှင့် ကိုယ်ထူကိုယ်ထ ဒေသထွက်သစ်၊ ဝါးတွေ၊ သက်ကယ်များနှင့် ဆောက်လုပ်ထားခြင်းဖြစ် သည့် အတွက်ကြောင့် ကျောင်းအင်္ဂါရပ်နှင့် မညီတော့ ခြင်း၊ လုံခြုံစိတ်ချစွာ စာသင်ကြားနိုင်မှုမရှိခြင်းနှင့် စာသင်ကြားမှုမှာ အာရုံစူးစိုက်မှုနည်းပါးစေခြင်း သည် ပညာရေးတွင် ပိုပြီးနိမ့်ကျနိုင်ပါကြောင်း၊ ထို့ကြောင့် လဟယ်မြို့နယ်ရှိ ကားရော်အိုဒေါက်၊ တွေးထွေနောက်ကျော့၊ တွေးထွေနောက်အင်း၊ ဆပ္ပလော်ရွာမ၊ လန်းတိုင်းနောက်အင်း၊ ခါးလယ်၊ စံတုံနှင့် အံ့ပေါ်ရွာများရှိ လက်ရှိကျောင်းဆောင်များအား ဆောလျင်စွာ အဆင့်မြှင့်တင်ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ အစီအစဉ်ရှိပါက မည်သည့်ခုနှစ် တွင်ဆောက် လုပ်ပေး၍ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်  မြို့နယ်အတွက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်အသစ် ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း များအတွက် ငွေကျပ်သိန်းပေါင်း ၂၂၂၀ ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ ခါးလယ်ကျေးရွာ အခြေခံ မူလတန်းလွန်ကျောင်းမှာ ၆၀ ပေ x ၃၀ ပေ သွပ်မိုး၊ ထရံကာ တစ်ထပ်ဆောင်တစ်ဆောင်၊ ၆၀ ပေ x ၃၀ ပေ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ်ဆောင်တစ်ဆောင် စာသင်ဆောင်နှစ်ဆောင်ရှိပြီး မူလတန်းအဆင့် ၁၉၄ ဦး၊ အလယ်တန်းအဆင့် ကိုးဦး စုစုပေါင်း ၂၀၃ ဦး၊ စံတုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသည် ၆၀ ပေ x ၃၀ ပေ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ်ဆောင်တစ်ဆောင်၊ ၆၀ ပေ x ၃၀ ပေ သွပ်မိုး၊ ထရံကာ တစ်ထပ်ဆောင်တစ်ဆောင် စာသင်ဆောင်နှစ်ဆောင်ရှိပြီး မူလတန်းအဆင့် ၁၃၆ ဦး၊ အလယ်တန်းအဆင့် သုံးဦး စုစုပေါင်း ၁၃၉ ဦး၊ အံ့ပေါ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ၅၀ ပေ x ၂၀ ပေ သွပ်မိုး၊ ဝါးကာ တစ်ထပ်ဆောင် တစ်ဆောင်သာရှိ ပါကြောင်း၊ မူလတန်းအဆင့် ၄၄ ဦးနှင့် အလယ်တန်းအဆင့် ခြောက်ဦး စုစုပေါင်းကျောင်းသားကျောင်းသူ ၅၀ ဦးတို့ ပညာသင်ကြားလျက် ရှိပါကြောင်း။

တွေးထွေနောက်အင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ကို ၅၀ ပေ x ၂၀ ပေ ထန်းလက်မိုး၊ ဝါးကာ တစ်ထပ်ဆောင်တစ်ဆောင် စုစုပေါင်း ကျောင်းသားကျောင်းသူ ၆၁ ဦး၊ ဆပ္ပလော်ရွာမ ကျေးရွာမှာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၄၀ ပေ x ၂၀ ပေ ထန်းလက်မိုး၊ ဝါးကာ တစ်ထပ် ဆောင်တစ်ဆောင် စုစုပေါင်း ကျောင်းသားကျောင်းသူ ၈၂ ဦး၊ ကားရော်အိုဒေါက်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း(ခွဲ)မှာ ၄၀ ပေ x ၂၀ ပေ ထန်းလက်မိုး၊ ဝါးကာတစ်ထပ်ဆောင် တစ်ဆောင် ရှိပြီး ကျောင်းသူကျောင်းသား ၂၉ ဦး ၊ တွေးထွေနောက်ကျော့ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှာ ၄၀ ပေ x ၂၀ ပေ ထန်းလက်မိုး၊ ဝါးကာတစ်ထပ်ဆောင်တစ်ဆောင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀ ဦး ၊ လန်းတိုင်းနောက်ကျေးရွာမှာ အခြေခံပညာ မူလတန်းကျောင်းမှာ ၄၀ ပေ x ၂၀ ပေ ထန်းလက်မိုး၊ ဝါးကာတစ်ထပ်ဆောင်ရှိပြီး ကျောင်းသား ကျောင်းသူ ၂၈ ဦး တို့ကို ပညာသင်ကြားပေး လျက်ရှိပါကြောင်း၊

ကားရော်ဒေါက်အိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)၊ တွေးထွေနောက်အင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)၊ ဆပ္ပလော်ရွာမအခြေခံပညာမူလတန်းကျောင်း(ခွဲ)၊ လန်းတိုင်း နောက် အင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ခါးလယ်ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၊ အံ့ပေါ်ကျေးရွာအခြေခံ ပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၏ ငွေလုံးငွေရင်းခေါင်းစဉ်အောက်တွင် ဦးစားပေးပြီး ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် လက်ရှိစံတုံကျေးရွာ အခြေခံပညာမူလ တန်းကျောင်း ကို ပြုပြင်ရန်လိုအပ်သည့်အတွက် ယခုဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ် ပြင်/ထိန်းရန်ပုံ ငွေအောက်မှ စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။