ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် NDI ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် National Democratic Institute (NDI) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter M. Manikas အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် NDI ၏ လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာစေရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုများ၊ လွှတ်တော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်

Standard (Image)