ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ INJYNN Development Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များသည် INJYNN Development Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင်နှင့်  အဖွဲ့အား ယနေ့ မွန်းလွဲ ၁၃နာရီ အချိန် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် ပြည်တွင်း SME လုပ်ငန်းငယ်များ အလုပ်အကိုင် ရရှိနိုင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်သော ပြည်တွင်းထုတ်ကုန်ကဏ္ဍတွင် နိုင်ငံခြား ငွေချွေတာရေးနှင့် ပြည်တွင်း ထုတ်ကုန်ကဏ္ဍ  အရည်အသွေးတိုးတက်မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၀၁၇ခုနှစ်၊  မတ်လ ၁၄ ရက်

Standard (Image)