နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၅၀)ဆံ့ ဆေးရုံအတွက် အဆင့်မြှင့်တင်ပြီး ကုတင်(၁၀၀)ဆံ့ ဆေးရုံတောင်းမည် ဖြစ်ပါကြောင်း၊ နတ်မောက်မြို့သည် ကျေးရွာ အုပ်စု ၈၀၊ ကျေးရွာပေါင်း ၂၃၄ ရွာ၊ အိမ်ခြေပေါင်း ၄၉၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၅၀၀၀၀ ကျော်ဖြင့် လူဦးရေ ၂၅၀၀၀၀ ခန့် နေထိုင်ပြီး မြေဧရိယာများစွာ ကျယ်ဝန်းသဖြင့် မကွေးတိုင်းတွင် မြေတိုင်းစာရေး အများဆုံး ခန့်အပ်ရသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ လက်ရှိ နတ်မောက် မြို့နယ်တွင် ခုတင်(၅၀)ဆံ့ ဆေးရုံ တစ်ရုံ၊ (၁၆) ခုတင်ဆံ့ ဆေးရုံ နှစ်ရုံ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး ဌာနတစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန ရှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၂ ခု ရှိပြီး လူဦးရေနှင့် ဆရာဝန် အချိုးသည် ၁:၈၁၈၅၆ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နတ်မောက်မြို့မှ မကွေးမြို့ကို သွားပြီး သင်ကြားရေး ဆေးရုံ သို့မဟုတ် မကွေးတိုင်းဒေသကြီး အထွေထွေကု ဆေးရုံသို့ သွားမည်ဆိုပါက ၃၈ မိုင်ကွာဝေးပါကြောင်း၊ နေပြည်တော်ခုတင် ၁၀၀၀ ကို သွား မည်ဆိုပါက မိုင်ပေါင်း ၁၂၀ ခန့် ကွာဝေးပါကြောင်း၊ နတ်မောက်မြို့နယ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ လှူဒါန်းခဲ့သည့် တစ်ထပ် RC အဆောက်အအုံ တစ်လုံး၊ ဆေးရုံသုံး အထောက်အကူပစ္စည်းများ လက်ခံရရှိပြီးဖြစ်သော်လည်း ၎င်းဆေးရုံသုံးပစ္စည်းသုံးရန် အသုံးပြု သည့် ဆရာဝန် ဆရာမများ မရှိ၍ ယနေ့အချိန်ထိ အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ ၂-၃-၂၀၁၈ နေ့ ဒီပက္ကရာ ကျောင်းတိုက်တွင် ဘွဲ့ရ ဆရာတော်သုံးပါးကို ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည့်အချိန်တွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ ပြောကြားသည့် မိန့်ခွန်းသည် နတ်မောက်မြို့သည် ခေတ်အဆက်ဆက်အုပ်စိုးသူများ၏ ငြင်းပယ်ခြင်းခံရသည့် အပယ်ခံမြို့လေး၊ နှိမ်ချဆက်ဆံခြင်း ခံရသည့် အနှိမ်ခံ မြို့လေး၊ ရှောင်ကွင်းခြင်း ခံရသည့် မြို့ကလေးဖြစ်လို့ များစွာ နိမ့်ကျလျက် ရှိပါကြောင်း၊ ယခုအခါ သက်ဆိုင်ရာ အာဏာပိုင်များမှ ဝိုင်းဝန်းကူညီ တည်ဆောက်ကြရန် လိုအပ် နေပြီဖြစ်ကြောင်း မိန့်ကြားသွားပါကြောင်း၊ မိမိတို့ မြန်မာပြည်တွင် တိုင်းဒေသကြီး ခုနစ်တိုင်း၊ ပြည်နယ် ခုနစ်ခု ဖြစ်ပြီး နေပြည်တော် ကောင်စီ တစ်ခုရှိပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘဏ်မှ One State One Town ဆောင်ရွက်ပေးမည်ဟု သိရကြောင်း၊ မကွေး တိုင်းဒေသကြီတွေင် နတ်မောက်မြို့နယ်ကို Smart Town အဖြစ် ရွေးချယ်ပြီး ၂၀၂၀ ခုနှစ်တွင် စတင်ဆောင်ရွက်ပြီး ကမ္ဘာ့ဘဏ်အနေဖြင့် 10 Billion ချပေးမည်ဟု သိရပါကြောင်း၊ Smart Town နှင့် Smart Hospital ဖြစ်စေရန်အတွက် ပြည်သူလူထုက ခုတင်(၁၀၀) ဆံ့ ဆေးရုံကို အထူးမျှော်လင့် တောင့်တလျက် ရှိပါကြောင်း၊ သို့ပါ၍ ခုတင် (၅၀) ဆံ့ဆေးရုံမှ ခုတင်(၁၀၀) ဆံ့ဆေးရုံအဖြစ်သို့ မည်သည့်အနီးစပ်ဆုံး ဘတ်ဂျက်တွင် ဆောင်ရွက်ပေးပါမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဦးရေ ၂၅၀၀၀၀ ခန့် ရှိပြီး တိုက်နယ်ဆေးရုံ နှစ်ရုံနှင့် မြို့နယ် ဆေးရုံ တစ်ရုံ၊ မိခင်နှင့် ကလေးကျန်းမာရေး ဌာန တစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန ရှစ်ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၄၂ ခုဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၎င်းဆေးရုံ တစ်ရုံကို ခုတင်(၅၀) မှ (၁၀၀)၊ (၁၀၀) မှ (၂၀၀)၊ (၂၀၀) မှ (၃၀၀) လုပ်မည်ဆိုပါက မိမိတို့တွင် ဆေးရုံတက်သည့် လူများ၏ Criteria ရှိပါကြောင်း၊ ပေးသင့်/မပေးသင့် မိမိတို့ ပြန်ကြည့်သည့်အချိန်တွင် ဆေးရုံတစ်နေ့ ပျမ်းမျှအတွင်း လူနာဦးရေ သည် ငါးနှစ်စာ အတွင်းတွင် ၅၆ ဦးသာ ရှိပါကြောင်း၊ ဆေးရုံခုတင်သည် (၅၀)၊ ၂၀၁၄ ခုနှစ်တွင် ၅၇ ယောက်၊ ၂၀၁၅ ခုနှစ်တွင် ၇၀ ယောက်၊ ၂၀၁၆ ခုနှစ်တွင် ၅၇ ယောက်၊ ၂၀၁၇ ခုနှစ်တွင် ၄၉ ယောက်၊ ၂၀၁၈ ခုနှစ်တွင် ၄၇ ယောက်သာ ရှိပါကြောင်း၊ ဆေးရုံ အသုံးပြု ခုတင် အသုံးချနှုန်းသည် ငါးနှစ်စာ average က ၁၁၂.၀၇ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ ထို့ကြောင့် ဆေးရုံအသုံးပြုခုတင် အသုံးချမှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် မူ သတ်မှတ်ထားပါကြောင်း၊ ၂၀၀ ရာခိုင်နှုန်း ရှိမှသာလျှင် မိမိတို့သည် ဆေးရုံအဆင့် တိုးမည်ဟု သတ်မှတ်ထားပါကြောင်း၊ မဟုတ်ပါက နည်းနည်းရာခိုင်နှုန်းတိုးသည်နှင့် တိုးမည်ဆိုပါက တစ်ပြည် လုံးတွင် ရှိသည့် ဆေးရုံများသည် အကုန်လုံး တိုးတိုးပြီးဖြစ်ပါက မိမိတို့ ဘတ်ဂျက် မတတ် နိုင်ပါကြောင်း၊ မတတ်နိုင်သည့်အပြင် အထူးသဖြင့် ဆရာဝန်အင်အား၊ ဝန်ထမ်းအင်အား၊ အခြားဝန်ထမ်းများလည်း ပေးရန် မရှိပါကြောင်း၊ ၎င်းဆေးရုံ၏ မြေဧရိယာသည် လောလောဆယ် ၅.၅၃၂ ဧရိယာသာ ရှိပါကြောင်း၊ အကယ်၍ ဆေးရုံ ကုတင် ၁၀၀ လုပ်မည်ဆိုပါက ရှစ်ဧက လိုပါကြောင်း၊ မူနှင့် ကိုက်ညီခြင်း မရှိသည်ကို တွေ့ရပါကြောင်း၊
အသေးစိတ် ပြန်ကြည့်သည့်အချိန်တွင် အတွင်းလူနာဦးရေသည် ၂၀၁၄ ခုနှစ် မှ ၂၀၁၈ ခုနှစ်ထိကို တစ်နှစ် တစ်နှစ်ကို ၃၉၀၀၊ ၄၆၀၀၊ ၄၈၀၀၊ ၄၇၀၀ ပြန်ပြီး နည်းသွားပါကြောင်း၊ ၄၃၄၂ ယောက်ဖြစ်သွားပါကြောင်း၊ increasing trend တက်လာသည့် အစီအစဉ် ဖြစ်ကြောင်း၊ တက် လာသည့်အချိန်တွင် မိမိတို့ စဉ်းစားပါကြောင်း၊ အခု မတက်ပါကြောင်း၊ stationary တည့်တည့် လေးသာ ဖြစ်နေပါကြောင်း၊ ဆေးရုံလုပ်ငန်း အညွှန်းကိန်းအနေဖြင့် တစ်နေ့ပျမ်းမျှ အတွင်း လူနာသည် မိမိတင်ပြသည့်အတိုင်း ၅၀ ဦး ပတ်ဝန်း ကျင်သာ ရှိနေပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ၅၇ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၇၀ ဦး တက်လာကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ၅၇ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၉ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၄၇ ဦးထိ ပြန်ပြီး ကျဆင်းသွားခြင်း ဖြစ်ပါကြောင်း၊ ၎င်းဆေးရုံ၏ Average duration of stay သည် ကောင်းပါကြောင်း၊ ငါးရက် ပတ်ဝန်းကျင်သာ ရှိကြောင်း၊ မိမိတို့ အားလုံးကို ပြန်ပြီးကြည့်သည့်အချိန်တွင် အားလုံးသည် တက်မလာကြောင်း၊ stationary သာ ဖြစ်လာကြောင်း၊ ပြောမည်ဆိုပါက နတ်မောက်ဧရိယာတွင် ရှိသည့်လူများ အားလုံးသည် ကျန်းမာသည်ဟု ယူဆလို့ရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်က မေးပါကြောင်း၊ မည်သည့် အချိန်တွင် ပေးမည်နည်း၊ မိမိတို့ပေးပါမည်၊ ဆေးရုံများတွင် Increasing trend တက်လာခြင်း ရှိကြောင်း၊ လူနာများ အရမ်းများကြောင်း၊ Inpatient ၊outpatient အရမ်းများသည် ဆိုပါက မိမိတို့ ပေးရန် ဝန်မလေးပါကြောင်း၊ သို့သော် စဉ်စားရမည်အချက် တစ်ခု ရှိပါကြောင်း၊ ခုတင်(၅၀)မှ (၁၀၀) ပြီးရင် ခုန်တက်သွား ပါကြောင်း၊ ခုတင်(၅၀)အဆင့် ဆေးရုံတွင် အထူးကု လုံးဝ မရှိပါကြောင်း၊ ဆရာဝန် (AS) သာ ရှိပါကြောင်း၊ သို့သော် ခုတင်(၁၀၀) ပေးမည်ဆိုပါက မိမိတို့သည် အထူးကုဆရာဝန် ကိုးမျိုး ပေးရမည်၊ ချက်ချင်း မည်သို့မျှပေး၍ မရကြောင်း၊ ကိုးမျိုးဖြစ်သည့် အတွက် မိမိတို့မလွယ်ပါကြောင်း၊ ထို့အပြင် လက်ထောက်ဆရာဝန်သည် ခြောက်ယောက်မှ ၁၈ ယောက်အထိ တိုးရမည်ဖြစ်ကြောင်း၊ သူနာပြု ၇၆ ဦးထိ ပေးရမည်ဖြစ်ကြောင်း၊ ၎င်းအချက်များကို ကြည့်သည့်အချိန်တွင် မိမိတို့ ပေး၍မရကြောင်း၊ အကယ်၍သာ ပေးသင့်သည်ဆိုပါက မိမိတို့က ပေးမည်ဖြစ်ကြောင်း၊ ၎င်းအချက်များကို မဖြစ်မနေရှာပြီး လုပ်ပေးမည်ဖြစ်ကြောင်း၊ ၎င်းအခြေအနေ တွင် လူနာဦးရေသည် မများသည့်အတွက် မိမိတို့အနေဖြင့် လက်ရှိကာလတွင်ပေးရန် မရှိသေး ကြောင်း ဖြေကြားပါသည်။
ဦးအောင်တင်လင်း(နက်မောက်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဖြေကြားသွားသည်ကို များစွာကျေးဇူးတင်ပါကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက မိမိတို့နတ်မောက်မြို့သည် အနောက်တောင်ဘက်တွင်ရှိပြီး ရွာများသည် အရှေ့မြောက်ဘက်၊ အနောက်မြောက်ဘက်တွင် များစွာရှိပါကြောင်း၊ မြို့သည် ကျဉ်းပြီး တောင်ဘက်တွင် မြို့သစ် မြို့နယ်နှင့် တစ်ရွာသာ ခြားပါကြောင်း၊ မကွေးမြို့နှင့်လည်း ခြားပါကြောင်း၊ သို့သော် အရှေ့ဘက် ကျောက်ပန်းတောင်းမြို့၊ ပျော်ဘွယ်မြို့၊ မိတ္ထီလာမြို့၊ ရေနံချောင်းတို့နှင့် နှိင်းယှဉ်မည်ဆိုပါက ကျယ်သည့်အတွက် မြို့တွင် အထူးကုဆရာဝန်မရှိသည့်အချိန်တွင် အထူးကုဆရာဝန်ရှိသည့် မိဘဂုဏ် ဆေးခန်းတွင် အထူးကု ပြရပါကြောင်း၊ ထို့ကြောင့် ရွာရှိ လူများသည် နတ်မောက်မြို့တွင် အထူးကုဆရာဝန် မရှိသည့်အတွက် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံသို့ သွားရကြောင်း၊ မန္တလေး သွားရကြောင်း၊ ထို့သို့သွားရသည့်အတွက် နတ်မောက်ဆေးရုံတွင် ဆေးရုံတက်ခြင်း မရှိသည့်အတွက် လူနာကျဆင်းခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးအနေဖြင့် သေချာကြည့်ပြီး ဖြေလျော့ပြီး မည်သည့်အဆင့်၊ မည်သည့်အချိန်တွင် အဆင့်တိုးမြှင့်ပေးရမည်ဆိုသည့် ကိစ္စကို စဉ်းစားပေးစေလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မိမိတို့သည် စဉ်းစားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ ခေါင်းထဲတွင် ရှိပါကြောင်း၊ ၎င်း ခုတင်(၅၀) ဆံ့ ဆေးရုံများတွင် မိမိတို့သည် MSC Medicine ၊ Specialist AS များ လာပါက ထားရှိရန် အစီအစဉ် ရှိပါကြောင်း၊ ၎င်းတစ်ယောက်ရှိပါက ရောဂါတော်တော်များများကို ၎င်းမှကု၍ရပါကြောင်း၊ ထို့ပြင် နောက်တစ်ဆင့်ဖြင့် မိမိတို့ ၎င်းခုတင်(၅၀) အဆင့် ခုတင် Orthopaedic အရိုးဆရာဝန်၊ ၎င်း Accident များ ဖြစ်သည့်အတွက် ၎င်းနှစ်ခုကို မိမိတို့ စဉ်းစားခြင်းဖြစ်ကြောင်း၊ ရေရှည်ဖြင့် မိမိတို့ စပြီး စဉ်းစားနေပြီ ဖြစ်ပါကြောင်း၊ ပထမဆုံးဖြစ်နိုင်သည့် MSC Medicine ဖြစ်ကြောင်း၊ ဆေးပညာ ဖြစ်ကြောင်း၊ ၎င်းတစ်ယောက်ရှိမည်ဆိုပါက တော်တော်များများ ကြည့်၍ရပါကြောင်း၊ ထို့အပြင် ဒုတိယလိုက်မည်က ကလေး၊ ၎င်းကို စဉ်းစားနေပါကြောင်း၊ လက်ရှိတွင် မိမိတို့ တင်ပြရမည်ဆိုပါက ဆရာဝန်များ လိုသည့်အတွက် Cabinet မှ လက်ရှိ လွှတ်ထားပြီးဖြစ်ကြောင်း၊ နောက်ထပ် ဆရာဝန် ၁၃၀၃ ဦးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခေါ်ခွင့်ပေးရန် အစိုးရအဖွဲ့က ပြီးခဲ့သည့် နှစ်ပတ်ခန့်က သဘောတူပါကြောင်း၊ မိမိတို့ ဆက်လက်ခေါ် မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ခေါ်မည် ဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးဖြစ်ပါက မကွေးက သူကို ခေါ်မည်၊ ရှမ်းပြည်နယ်ဖြစ်ပါက ရှမ်းပြည်နယ်က ခေါ်မည်၊ ထို့အပြင် ၎င်းတို့ထဲမှ အနည်းဆုံး သုံးနှစ် တာဝန်ထမ်းဆောင်စေရန် အစီအစဉ် ရှိပါကြောင်း၊ မိမိတို့ အမြန်ဆုံး ခေါ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ဖြေကြားပါသည်။
