ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၁၁.၂၀၁၉)

Description: C:\Users\user\Desktop\1.1.1.jpg ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၂၈)ဦး တက်ရောက်သည်။           

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးထွန်းထွန်းနိုင်၊ ကနီ မဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စုအတွင်း မင်းဝံတံခွန် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလတ်စား ဓာတ် သတ္တု တူးဖော်ရေး လျှောက်ထားလျက်ရှိရာ ၎င်းနေရာတွင် မူလတောင်သူ (၁၇)ဦးပိုင် မြေများ ပါဝင်နေသဖြင့် မည်သို့ဆက်လက်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားတွင် မြေယာပိုင်ဆိုင်မှု အရှုတ်အရှင်းများကြောင့် လွတ်ကင်းမှုမရှိသဖြင့် ဓာတ်သတ္တု ရှာဖွေတူးဖော်ရန်မသင့်၍ သဘောမတူကြောင်း ပြန်ကြားလာပါက ဝန်ကြီးဌာနက လည်း ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

                    (၂)    ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦး  မဲဆန္ဒနယ်က  မေးမြန်းသော ဒိုက်ဦးမြို့နယ်၊ ဘုရားကြီး ကွင်းကျေးရွာအုပ်စုရှိ မိုးယွန်းကြီးအင်း မြောက်ကျောင်းလမ်းမှ အမြန်လမ်း မိုင်တိုင် (၅၃/၃) အထိရှိသော သစ်ထုတ်လုပ်ရေး လမ်းမကြီးအား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက  သစ်ထုတ်လမ်း များမှာ ဘူဒိုဇာဖြင့် သစ်တိုက်ကားသွားနိုင်သည့် မြေသားလမ်းအဆင့်သာ သစ် ထုတ်ရေးဌာနမှ ဖောက်လုပ်ခြင်းဖြစ်သည့်အတွက်  အဆိုပါလမ်းအား ဌာနကအသုံး မပြု တော့သည့်နောက်ပိုင်း ကွန်ကရစ်ခင်းပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်သာ ညှိနှိုင်းဆောင်ရွက်သွားသင့်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးခင်ချို၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များ အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပြီး ဝါးစိုက် ခင်းများအခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိုက်ပျိုးဆောင်ရွက်လိုသူများ အတွက် နိုင်ငံတော်မှ မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ ဝါးစိုက်ပျိုးလိုသူ (၉၁)ဦးအတွက်       သစ်တောနယ်မြေ အတွင်း ပုဂ္ဂလိကဝါးစိုက်ခင်း (၃၀၃၄)ဧက တည်ထောင်ရန် ခွင့်ပြုပေးခဲ့ရာ စီမံချက် ကာလအတွင်း စိုက်ပျိုးနိုင်ခြင်းမရှိသော (၂၀၀)ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်သိမ်းဆည်းခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ဝါးစိုက်ပျိုးနိုင်သော မြေကွက်လပ်နေရာများမှာ ဝါးစိုက်ခင်း(၂၄၂)ဧက၊ ဝါးအပင်ပေါင်း (၉၄၆၁၁)ပင်နှင့် ၂၀၁၉ ခုနှစ်တွင် ဝါးမျိုး(၃၅)မျိုး စုစုပေါင်း (၁၅၃၄၀၁)ပင် စိုက်ပျိုးပြီးဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိကဝါးစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေး၍ ဝါးအဆင့်မြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ဈေးကွက်နှင့်နည်းပညာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                      (၄)   ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိ  မဲဆန္ဒနယ်က  မေးမြန်းသော ကျောက်မျက်အရောင်း ဆိုင် နယ်မြေအသက်ဝင်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် သက်ဆိုင်ရာကမည်သို့      ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နေပြည်တော် (Gems Trading Centre – GTC) ကို ရွှေကြာပင်ရတနာဈေးအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံ ဆောက်လုပ်ပြီးစီးပြီးဖြစ်၍ စီးပွားရေးရာ ကော်မတီသို့တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန် စီစဉ်ပြီးဖြစ်ပါကြောင်း   ပြန်လည်ဖြေကြား ခဲ့သည်။

                    (၅)   ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါ မဲဆန္ဒနယ်က မေးမြန်းသော ဂန့်ဂေါမြို့နယ်တွင် သစ်ထုတ် လုပ်ရေး ဆင်အကောင် ၁၀၀ ခန့်၏ ကျက်စားရာနေရာ (habitat)  ၌ ကုမ္ပဏီ(၂)ခုအား ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ခွင့်ပြုထားခြင်းကြောင့် ၎င်းဆင်များအတွက် (habitat) ကို မထိပါးစေရန် စီစဉ်ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း၍  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေသော မြင်သားကြိုးဝိုင်းအကွက်အမှတ်(၆)နှင့် တိုကြိုးဝိုင်းအကွက်အမှတ်(၈)တို့တွင် ဆင် စားကျက်ထားရန် မသင့်တော်သည့်အတွက် ဆင်ဝိုင်းများထားရှိမှု မရှိပါကြောင်းနှင့် ကုမ္ပဏီ (၂)ခုသည် လုပ်ငန်းအာမခံငွေပေးသွင်းခြင်း၊ နှစ်စဉ်သစ်တောမြေငှားရမ်းခ များ ပေးသွင်းခြင်း၊ အစားထိုးသစ်ပင်များ စီမံချက်အလိုက်စိုက်ပျိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျောက် မီးသွေးထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

                    (၆)   ဒေါက်တာ ဦးထွန်းလင်းမော်၊ ကြံခင်း မဲဆန္ဒနယ်က မေးမြန်းသော ကြံခင်းမြို့နယ်၊ မြောက်မြန်အောင်ကြိုးဝိုင်း၊ ကွင်းအမှတ် (၂၅) နှင့် (၂၆) အတွင်းရှိ ပျိုးပင်များ ရေ လောင်းရန်အတွက် ရေသယ်ယာဉ် (၁)စီး ထောက်ပံ့ပေးရန်နှင့် ဝန်ထမ်း၊ ပြည်သူများ အတွက် လိုအပ်နေသော ပေ ၁၇၀၀၀ ရှိ လမ်းပိုင်းအား ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ရေသယ်ယာဉ်(၁)စီး ထောက်ပံ့ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျေးလက်လမ်းများဖောက်လုပ်ခြင်းအတွက် တာဝန် ယူဆောင်ရွက်နေသော ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆိုပါလမ်းပိုင်းမှာ တတိယ ဦးစားပေးအဆင့်သာရှိသဖြင့် လတ်တလောဖောက်လုပ်ရန် အစီအစဉ်မရှိသေးပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဒေါ်မိကွန်ချမ်း၊ ပေါင် မဲဆန္ဒနယ်က မေးမြန်းသော ပေါင်မြို့နယ်၊ သဲဖြူကုန်းမြေပြိုမှုကို ဖြစ်စေသည့် အကြောင်းအရင်းကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က သဘာဝဘေးအန္တရာယ်ကြောင့် အဓိကဖြစ်ပြီး လူ့ပယောဂပတ်သက်မှုအနည်း     ငယ်သာဖြစ်ပါသဖြင့် အဆိုပါမြေပြိုမှု၊ တောင်ပြိုမှုများအား ထိန်းချုပ်ရန်နှင့်အသက် အိုးအိမ်ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် ဒေသအာဏာပိုင်များမှ စီမံချက်များ ချမှတ်၍ ထိန်းချုပ်ခြင်း၊ မြေပြိုခြင်းနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုသင့်သည်များကို အသိပညာပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေး သင့်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

 

(ခ)     ဥပဒေကြမ်း (၃)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်း ဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း (၃)ခုကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်း(၃)ခုကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းများ နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက     ၂၆-၁၁-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့်ရက်ကို ၂၅-၁၁-၂၀၁၉ ရက် (တနင်္လာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။