မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် မြောက်ဦးခရိုင် စီမံခန့်ခွဲရေး ကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ တိုက်ရိုက်ဝင်ရောက်၍ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်း၊ ခန့်အပ်ခြင်းတို့ ပြုလုပ်ခြင်းသည် ဥပဒေနှင့်ညီညွှတ်မှု ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ယခုမေးခွန်းသည် နဝမအကြိမ်ကဖြစ်သည့်အတွက် တစ်နှစ်ခန့်ဖြစ်ကြောင်း၊ မြေပြင်အခြေအနေများသည် ပြောင်းလဲ ကုန်ပြီးဖြစ်ကြောင်း၊ သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ လာရောက် ဖြေကြား သည့်အတွက် အထူးပဲ ကျေးဇူးတင်ကြောင်း၊ မြေပုံမြို့နယ် ကုက္ကိုကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးသည့်အချိန်တွင် အုပ်ချုပ်ရေးမှူးကို ဖြုတ်ခြင်း၊ ခန့်ခြင်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၊ ခရိုင်အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ကော်မတီ၏ ညွှန်ကြားချက်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်များကို ဝင်ရောက်စွက်ဖက်သည့်အတွက် ဒေသ၏ ဥပဒေ စိုးမိုးရေးကို ရည်မျှော်ပြီး မေးရခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် တတိယအကြိမ် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေနှင့်အညီ တစ်နိုင်ငံလုံးတွင် ပြန်ပြီး ရွေးချယ်နိုင်ရန်၊ ခရိုင်စီမံခန့်ခွဲရေး ကော်မတီက မြို့နယ်အသီးသီးကို စာဖြင့် ညွှန်ကြားသည့်အချိန်တွင် မိမိတို့ မြေပုံမြို့နယ် ကုက္ကိုကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ရေးအတွက် မြို့နယ်တာဝန်ရှိသူများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ရွေးချယ်ပွဲပြုလုပ်ရန် ဆောင်ရွက်သည့်အချိန်တွင် လက်ရှိကျေးရွာအုပ်ချုပ်ရေမှူး ဦးခင်ရွှေမောင်သည် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသည့်အပြင် ၎င်းဆေွမျိုးသားချင်းများ၏ ဝိုင်းဝန်းနှောင့်ယှက်ခြင်းကို ခံရသည့်အတွက် ရွေးချယ်ပွဲကို ရပ်တန့်ခဲ့ရကြောင်း၊ ကျေးရွာ၏ ကြီးကြပ်ရေး ကော်မတီ ကို ရွေးချယ်ခန့်အပ်ထားခြင်း ဖြစ်ကြောင်း၊ ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်နီချေသည် ဦးခင်ရွေမောင် ၏ မိသားစုများ၏ ဝိုင်းဝန်းရိုက်နှက်မှု တွေခံခဲ့ရသည့်အတွက် ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီသည် ဖြစ်စဉ်များကို ခရိုင်စီမံခန့်ခွဲရေးကော်မတီကို တင်ပြပြီး ခရိုင်စီမံခန့်ခွဲရေး ကော်မတီမှ တစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့က အစည်းအဝေးအမှတ်စဉ် (၂၈/၂၀၁၈) အရ အုပ်ချုပ်ရေးမှူး ဦးခင်ရွှေမောင်ကို တာဝန်အားရပ်စဲခဲ့သည့် အမိန့်စာဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး သည် ပြည်နယ်အစိုးရ၏ အကြောင်းကြားစာကို ရည်ညွှန်းပြီး လက်ရှိအုပ်ချုပ်ရေးမှူး ကို တာဝန်မှရပ်စဲပြီး ဥပဒေအရ ဒုတိယဦးစားပေးအဆင့်ရှိသူ ဦးမောင်မောင်လှကို ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် ယာယီတာဝန်ပေးခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ တာဝန်မှရပ်စဲခြင်းကိစ္စကို ဦးခင်ရွှေမောင်မှ မကျေနပ်သည့်အတွက် အထက်အဖွဲ့အစည်းများကို တိုင်ကြား ခဲ့ သည့်အတွက် ရခိုင်ပြည်နယ်အစိုးရက ခရိုင်ပြည်နယ် စီမံခန့်ခွဲရေး ကော်မတီအား ဖြစ်စဉ်နှင့်ပတ်သက်ပြီး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ကြောင်း၊ ခရိုင်စီမံခန့်ခွဲရေး ကော်မတီသည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို စိစစ်တင်ပြရန် ထပ်ဆင့် ညွှန်ကြားခဲ့ခြင်းကြောင့် မြို့နယ် စီမံခန့်ခွဲရေးကော်မတီက ယခင်တစ်ကြိမ် တင်ပြခဲ့သည့် စာကို အကြံပြုချက်များနှင့် ပြန်ပြီးတင်ပြခဲ့ကြောင်း၊ အကြံပြုချက်မှာ ဦးခင်ရွေမောင်အား ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခဲ့ပြီး ဖြစ်ပါသဖြင့် ၎င်း၏ တင်ပြစာကို အရေးယူဆောင်ရွက်ရန် မသင့်ပါကြောင်းနှင့် ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အား တတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည် ဟု ဥပဒေကို ရည်ညွှန်းပြီး ပြန်ခန့်ရန် မသင့်ကြောင်း၊ ဖြုတ်ထားခြင်းကို ဟုဖော်ပြပြီး ပြန်လည် အကြံပြုချက်ဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်အစိုးရသည် အစည်းအဝေး အမှတ်စဉ်(၃၁/၂၀၁၈)အရ မြို့နယ်အုပ်ချုပ်ရေးမှူး ၏ အစီရင်ခံ စာ ကို မျက်ကွယ်ပြုပြီး ရခိုင်ပြည်နယ်အစိုးရ (Cabinet)၏ ဆုံးဖြတ်ချက်ကို ပြန်လည် ပယ်ဖျက်ရန်နှင့် တာဝန်မှ ရပ်စဲထားသည့် ဦးခင်ရွှေမောင်ကို ပြန်လည်၍ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေးအပ်ရန် ခရိုင်အုပ်ချုပ်ရေးမှူး ကို စာထုတ်ပြီး အကြောင်းပြန်ကြားခဲ့ကြောင်း၊ ထို့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး သည် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြား ချက် အရ တာဝန်မှ ရပ်စဲခံရသည့် ဦးခင်ရွှေမောင်အား ပြန်လည်ခန့်အပ်ရန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် ယာယီခန့်အပ်ထားသည့့် ဦးမောင်မောင်လှအား တာဝန်မှ ပြန်လည်ရပ်စဲရန် မြို့နယ်အုပ်ချုပ်ရေးမှူး အား စာဖြင့် လမ်းညွှန်ခဲ့ကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၈ အရ ကျေးရွာအုပ်ချုပ်ရေးမှူး အား ခန့်အပ်တာဝန်ပေးခြင်းသည် မြို့နယ်အုပ်ချုပ်ရေးမှူး ၏ တာဝန်သာ ဖြစ်သည့်အတွက် မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် မြောက်ဦးခရိုင် စီမံခန့်ခွဲရေး ကော်မတီနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ တိုက်ရိုက်ဝင်ရောက်၍ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်း၊ ခန့်အပ်ခြင်းတို့ ပြုလုပ်ခြင်းသည် ဥပဒေနှင့်ညီညွှတ်မှု ရှိ/မရှိကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းပြီးှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း၊ ယခင် ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ရွှေမောင်သည် အုပ်ချုပ်ရေးမှူးများ လိုက်နာရမည့် ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်များအား ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းတို့ကြောင့် မြေပုံမြို့နယ်နှင့် မြောက်ဦးခရိုင်မှတစ်ဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနသို့ ဦးခင်ရွှေမောင်အား တာဝန်မှရပ်စဲသင့်ကြောင်းနှင့် ကုက္ကို ကျေးရွာအုပ်စုစာရေး ဦးဌေးဝင်းအား အခြားသင့်လျော်သည့် နေရာသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း တင်ပြမှုတွင် အကြံပြုချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရန် ပြန်လည်ညွှန်ကြားခဲ့သည်ကို သိရှိရကြောင်း၊
ထို့ကြောင့် ကုက္ကိုကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးရွေးချယ်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၉-၅-၂၀၁၈ ရက်နေ့တွင် ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်နီချေမှ ဆယ်အိမ်စု စုဖွဲ့နိုင်ရေး လိုက်နာ ဖိတ်ကြားအချိန်တွင် မောင်မြင့်ဝင်း(ဘ) ဦးဘသန်းသည် မောင်နီချေကို လက်သီးဖြင့် ထိုးကြိတ်မှုဖြစ်ပွားပြီး ေြမပုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ရသည်ကို သိရှိရကြောင်း၊ ထို့အပြင် ၂၁-၅-၂၀၁၈ ရက်နေ့တွင် ကြီးကြပ်ရေးအဖွဲ့များသည် ဆယ်အိမ်စုစုဖွဲ့မှု ဆောင်ရွက်နေစဉ် ကုက္ကို ကျေးရွာနေ ဒေါ်မသန်းနု (ဘ) ဦးသာမောင် ဦးဆောင်သည့် အမျိုးသမီး ၄၀ ဦးမှ ခွင့်ပြုချက် တင်ပြထားခြင်း၊ တရားဝင် တင်ပြထားခြင်း မရှိသည့် ‘‘မိသားစု ရွေးကောက်ပွဲ ချက်ချင်းရပ်ပေးရေး- ဒို့အရေး’’ ဟု ကြွေးကြော်ပြီး ရွေးချယ်ခြင်း လုပ်ငန်း ပျက်ပြားအောင် ဆောင်ရွက်ခဲ့သည့်ကို တင်ပြအပ်ပါကြောင်း၊
‘‘မိသားစု ရွေးကောက်ပွဲ ချက်ချင်းရပ်ပေးရေး-ဒို့အရေး’’ ဟု ကြွေးကြော်ပြီး ရွေးချယ်ခြင်း လုပ်ငန်း ပျက်ပြားအောင် ဆောင်ရွက်ခဲ့သည့်အတွက် ရွေးချယ်ရန် ရပ်နားခဲ့ရပြီး မြေပုံမြို့မရဲစခန်းတွင် ပုဒ်မ(၇၉/၂၀၁၈)ဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ရကြောင်း၊ ၄-၆-၂၀၁၈ ရက်နေ့တွင် ဆယ်အိမ်စုမှူး ရွေးချယ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ချိန်တွင်လည်း ဒေါ်မသန်းနုပါ (၅၀)ဦးသည် ဆယ်အိမ်စု ရွေးချယ်ခြင်း လုပ်ငန်းကို လုံးဝမပြုလုပ်ရန်နှင့် မရပ်တန့်ပါက ကြီးကြပ်ရေးအဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက် အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ခဲ့သည့်အတွက် ရွေးချယ်ပွဲကို ရပ်တန့်ခဲ့ရသည်ကို သိရှိရကြောင်း၊ ၁၃-၉-၂၀၁၈ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကုက္ကိုကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ချိန်တွင် ဒေါ်မသန်းနုပါ အမျိုးသမီး ၁၄ ဦးခန့် ဝိုင်းရံပြီး ဟန့်တားနှောင့်ယှက်ခြင်း စသည့်ဖြစ်စဉ်များ ြဖစ်ပွားခဲ့သည်ကို သိရှိရကြောင်း၊
ေြမပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုတွင် ပုံမှန်အေးချမ်းစွာဖြင့် ရွေးချယ်နိုင်ခြင်း မရှိသည့်အပြင် ရပ်ရွာအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် အခြေအနေမျိုးအထိ ရောက်ရှိလာခဲ့ကြောင်း၊ တတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အခက်အခဲများ များစွာဖြစ်ပေါ်ခ့ဲသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် မြေပုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီသည် အခြေအနေအရပ်ရပ်များကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှတစ်ဆင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရသည်ကို သိရှိရကြောင်း၊ အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ၂၆-၇-၂၀၁၈ ရက် နံနက် ၉း၃၀ အချိန်တွင် ကျင်းသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃၁/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် ၆ (က) ၁၆ အရ ဦးခင်ရွှေမောင်ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး ခန့်ထားမှု ရပ်စဲကြောင်း Cabinet ရပ်စဲခြင်းအား ပယ်ဖျက်ရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်စဉ်ကာလအတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် ခန့်ထားနိုင်ရန်နှင့် ရပ်/ကျေးအုပ်ချုပ်ေရးမှူး ခန့်ထားနိုင်ရေး ဥပဒေနှင့်အညီ ပြန်လည် ရွေးချယ်နိုင်ရေး ဆောင်ရွက်ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မှုကို နှောင့်ယှက်သူများကို အရေးယူရန်အတွက် ပြင်ဆင် ညွှန်ကြားခဲ့သည့်အတွက် ယခင်ကတာဝန်ထမ်းဆောင်ခဲ့သည့် ဦးခင်ရွှေမောင်ကိုသာ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ဖြင့် ြမို့နယ်စီမံခန့်ခွဲမှုကော်မတီက တာဝန်ပေးအပ်ခဲ့သည့်ကို သိရှိရကြောင်း၊
ထို့နောက် မြေပုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားမှု မရှိစေရန် ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းကို ဥပဒေ နှင့်အညီ ကြီးကြပ်ရေးအဖွဲ့ ငါးဦးဖွဲ့စည်းပြီး ၁၄-၉-၂၀၁၈ ရက်နေ့တွင် ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးချယ်ဆောင်ရွက်ရာတွင် ဆန္ဒမဲ အများဆုံး ရရှိသည့် ဦးမောင်မောင်လှ (ဘ)ဦးမောင်စောနု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊၁၁/မပတ(နိုင်) ၀၃၄၄၈၈ ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၅ ပါ အရည်အချင်းနှင့် ပြည့်စုံသည့် အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်အတည်ပြုခဲ့ပြီး ၁-၁၀-၂၀၁၈ ရက်နေ့တွင် မြေပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်အမှတ်(၈/၂၀၁၈)နှင့် ခန့်အပ်တာဝန်ပေးခဲ့ ပြီးဖြစ်သည်ကို သိရှိရကြောင်း၊
ထို့ကြောင့် မိမိတို့ မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တာဝန်ထမ်းဆောင်နေသူများအတွက် လုံခြုံရေး ထိခိုက်စေနိုင်သည့် အခြေအနေမျိုးအထိ ရောက်ရှိလာခဲ့သည့်အတွက် စီမံခန့်ခွဲပေးခြင်း၊ ကြီးကြပ်ပေးခြင်း၊ လမ်းညွှန်ခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ တိုက်ရိုက် ဝင်ရောက် ဆောင်ရွက်ပေးခဲ့ခြင်း မရှိပါကြောင်းနှင့် ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လတ်အား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၁-၁၀-၂၀၁၈ ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း(မြေပုံမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိမေးခဲ့သည့် မေးခွန်းသည် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ရခိုင်ပြည်နယ် အစိုးရနှင့် ေြမာက်ဦးခရိုင် စီမံခန့်ခွဲရေးကော်မတီတို့မှ တိုက်ရိုက်ဝင်ရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်း၊ ခန့်အပ်ခြင်းတို့ကို ပြုလုပ်နေခြင်းသည် ဥပဒေနှင့် ညီညွှတ်မှု ရှိ/မရှိ နှင့် ဥပဒေနှင့် ညီညွတ်မှု ရှိမည်ဆိုပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်။ ဥပဒေနှင့် ညီညွတ်မှု မရှိပါက မည်သို့ အရေးယူ ဆောင်ရွက်မည်ကို မေးမြန်းခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဖြေကြားမှုတွင် ပြည်နယ်အစိုးရ၏ အစီရင်ခံစာကို ဖတ်ပြသွားသည်ဟု မိမိနားလည်ကြောင်း၊ ထို့အတွက် ပြည်နယ်အစိုးရ၏ အစီရင်ခံစာတွင် နောက်ဆုံး ကိုးကားထားမှှုသည် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ရကြောင်း၊ တစ်နည်းအားဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေကို ချိုးဖောက်ရသည့် သဘောမျိုးဖြစ်ကြောင်း၊ မိမိတို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတွင် အတိအကျ ဖော်ပြထားကြောင်း။ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်နိုင်ကြောင်း၊ ဖြုတ်နိုင်ကြောင်း၊ ရပ်စဲနိုင်သည်။ အတိအကျ ပုဒ်မ ၈ နှင့် ၁၅ တွင် ဖော်ပြထားကြောင်း၊ ထိုအချက်ကို မိမိ မေးခြင်းဖြစ်ကြောင်း၊ ဘယ်သူ့ကိုသာစေ။ ဘယ်သူ့ကိုနာစေ။ ဆိုသည့်ကို မေးခြင်း မဟုတ်ကြောင်း။ ၎င်းလုပ်ရပ်သည် ဥပဒေနှင့် ဥပဒေ၏ တည်ငြိမ်ရေးအတွက် ဥပဒေစိုးမိုးရေးအတွက် လုပ်ခြင်း ဖြစ်ပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို မိမိအားဖြည့်ပေးရမည်။ ဆန္ဒဖော်ထုတ်ခြင်း။ ရိုက်ခြင်း။ ဥပဒေအတိုင်း အရေးယူရမည်။ လိုအပ်ပါက အဆိုပါနေရာကို လုံခြုံရေး အပြည့်ချပြီး ရွေးချယ်ပွဲဖြစ်ရန် လုပ်ရမည်၊ ပြည်နယ်အစိုးရနှင့် ခရိုင်က ထိုကဲ့သို့ ပံ့ပိုးကူညီရမည် ဖြစ်ကြောင်း၊ ထို့သို့ ဆောင်ရွက်နိုင်ပါက အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းစဉ်ကို လုပ်ပိုင်ခွင့်ကို ယူပြီး ဖြုတ်ခြင်း၊ ခန့်များကို လုပ်၍ မရကြောင်း။ ဥပဒေစိုးမိုးရေးအတွက် လုပ်ခြင်းသည် ဥပဒေ မစိုးမိုးအောင် ပိုလုပ်သည့် ပုံစံ ဖြစ်သွားကြောင်း၊ ထို့ကြောင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန ဆိုသည်က သားသမီးနှင့် မိဘလို ဖြစ်ကြောင်း၊ သားသမီးက မဟုတ်တာ လုပ်နေခြင်းကို မိဘက သိရင် ဆုံးမည်ဖြစ်ကြောင်း၊ သားသမီးက ဒီလိုပြောပါတယ်။ အပြစ် မရှိပါဘူး ဆိုခြင်းသည် မလုံလောက်ကြောင်း၊ ထို့အတွက် မိမိမေးသည့် မေးခွန်းအပေါ်တွင် ပြန်ပြီး တိတိကျကျ ဖြေကြားပေးစေချင်ကြောင်း၊ ဥပဒေချိုးဖောက်မှု ရှိ/မရှိကို ဝန်ကြီး အနေဖြင့် ပြန်ပြီး ဖြေရှင်းပေးစေချင်ကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
မိမိတို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များထံမှ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးမြန်းသည့် မေးခွန်းအပေါ်တွင် ၎င်းတို့၏ ဆောင်ရွက်မှုများကို အထောက်အထား အချက်အလက်များ တောင်းပြီး့ ဖြေဆိုရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့် ညီ/မညီ ဆိုသည့် ကိစ္စသည် ယခု မိမိတင်ပြသည့်အတိုင်း အခြေအနေအရ နိုင်ငံတော်၏ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဖြစ်သည့် အချိန်တွင် သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ကို တင်ပြထားကြောင်း၊
ရခိုင်ပြည်နယ် အခြေအနေသည် အားလုံးသိသည့် အတိုင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကော်မတီကြီးလေးရပ် ဖွဲ့ထားပြီး ရခိုင်ပြည်နယ်၊ တည်ငြိမ်းအေးချမ်းရေး အထောက်အကူပြု ကော်မတီ ဟု အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အတွင်းဝန်အဖြစ် ဆောင်ရွက်နေကြောင်း။ ရခိုင်ပြည်နယ်သည် အခြားပြည်နယ်များနှင့် မတူသည့် Nature များ ရှိကြောင်း၊ ထို့အတွက် ယခုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်မှုသည် ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်း ဟု မိမိတို့က မြင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးသည့် မြို့နယ်က ရွေးချယ်ဆောင်ရွက်ရမည့် ကိစ္စအပေါ်တွင် တိုင်းဒေသကြီး/ပြည်နယ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ တာဝန်ထမ်းဆောင်နေသည့်သူများ လုံခြုံရေး ထိခိုက်စေနိုင်သည့်အခြေအနေဖြစ်ခြင်းကို စီမံခန့်ခွဲကြီးကြပ်ခြင်းသည် ဥပဒေနှင့်ညီ/မညီလို့ မေးမြန်းခြင်း ဖြစ်ကြောင်း၊
သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေတွင် မှန်ကြောင်း၊ သက်ဆိုင်ရာ ငါးအိမ်စု၊ ဆယ်အိမ်စု၊ ရာအိမ်စု။ ထို့အတွက် သက်ဆိုင်ရာ မြို့နယ်အဆင့်မှ အဆင့်ဆင့် ဆုံးဖြတ်ရွေးချယ်ပေးခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အနေအထားသည် တင်ပြပါအတိုင်း အားလုံးသိကြသည့်အတိုင်း မိမိတို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တော်တော်လေးကို အရေးယူ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည့်အတွက် ပြည်နယ်အစိုးရမှ ဝင်ရောက်ပြီး ကြီးကြပ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း။ ထို့အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့သည် ယခင်တာဝန် ထမ်းဆောင်ခဲ့သည့် ဦးခင်ရွှေမောင်ကို ယာယီ ခဏ အုပ်ချုပ်ရေးမှူးအဖြစ်ဖြင့် တာဝန်ပေးပြီး မြေပုံမြို့နယ် စီမံခန့်ခွဲရေးမှူး ကော်မတီမှ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားမှု မရှိစေရန်အတွက် ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တင်ပြပါအတိုင်း ဆန္ဒမဲ အများဆုံးရသည့် ဦးမောင်မောင်လှ (ဘ)ဦးမောင်စောနုကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၅ ပါ အရည်အချင်းနှင့် ပြည့်စုံသည့်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့်အညီ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အထက်တွင် တင်ပြခဲ့သည့်အတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဆောင်ရွက်မှုများတွင် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် အချိန်တွင် သက်ဆိုင်ရာ အထင်အမြင် လွဲမှားမှုမရှိစေရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတကြီးထံ တင်ပြပြီး ညွှန်ကြား ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
