(ဆ)-ပုသိမ်-မုံရွာလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၀၁၅ နှင့် ၂၀၁၆ အကြား လမ်းအလိမ်အကွေ့အဆင်းမှာ အန္တရာယ်ကွေ့ဖြစ်နေသည့်အတွက် ယာဉ်များအဆင်ပြေပြေသွားလာနိုင်ရေးနှင့် အန္တရာယ်လျော့နည်း စေရေးအတွက် မည်သို့စီမံပေးမည်ကို သလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၅.၇. ၂၀၁၉)

 

ပုသိမ်-မုံရွာလမ်းမကြီးသည် ပုသိမ်မြို့မှ မုံရွာမြို့အထိ ဆက်သွယ်ထားပြီး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး လေးတိုင်းကို ဆက်သွယ်ထားခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်၏ အနောက်ဘက် ကမ်းတွင် အချက်အခြာကျသည့် လမ်းတစ်လမ်းလည်း ဖြစ်ပါကြောင်း၊

မေးခွန်းမေးမြန်းသည့် လမ်းကွေ့၏ မနီးမဝေးတွင် ရခိုင်ကားတစ်စင်း လမ်းချော်ထားခြင်း ဖြစ်ပါကြောင်း၊ ကားနှစ်စင်းမရှောင်သာသဖြင့် တစ်စင်းနှင့်တစ်စင်းတိုက်ပြီး ကုန်ကားလမ်းချော်၍ သစ်ပင်ကိုတိုက်ပြီးမှ ချောက်ထဲသို့ ကျပါကြောင်း၊ အဆိုပါလမ်းသည် လမ်းကျဉ်းခြင်း၊ အကွေ့ အကောက်/အတက် အဆင်းများခြင်းကြောင့် ယခုကဲ့သို့ ဖြစ်နေခြင်းများ ရှိပါကြောင်း၊ အဆိုပါ ကိစ္စရပ်မျိုးများ ဖြစ်သည့်အခါ  အသက်အန္တရာယ်များ ဆုံးရှုံးရခြင်းကိုလည်း တွေ့မြင်ရပါကြောင်း၊ ၎င်းလမ်းကို ဇွန်လ ၂၃ ရက်နေ့က ယခုလာရောက် ဖြေကြားသည့် ဒုတိယဝန်ကြီးကိုယ်တိုင် ရောက်ရှိပြီး ဖြတ်သန်းသွားခဲ့သည့်အတွက် လမ်းအခြေအနေကို သိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကတ္တရာလမ်းကို ထပ်မံလမ်းချဲ့ပေးရန် မဖြစ်မနေလိုအပ်နေပါသဖြင့် ခရီးသွားယာဉ်များ အဆင်ပြေ ချောမွေ့ပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည်ဆည်းပေးနိုင်ပါရန် မေးမြန်းရခြင်းဖြစ်ပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပုသိမ်-မုံရွာလမ်းမကြီး၏ မိုင်တိုင်အမှတ် (၁၉၅/) မှ (၂၁၉/) အထိ ၂၄ မိုင် ဖာလုံသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရသော လမ်းပိုင်းဖြစ်ပါကြောင်း၊ မိုင်တိုင်အမှတ် (၂၀၅/) နှင့် (၂၀၅/) ကြားတွင် လမ်းကွေ့တစ်ကွေ့ရှိပါကြောင်း၊ (အရပ်အားဖြင့် အခေါ်က မွှေးကြိုင်ကွေ့) ဟုတည်ရှိပြီး ၎င်းအကွေ့သည် အင်မတန်မှ ယာဉ်တိုက်ခိုက်မှုသည် အများဆုံး Blood Sport ဖြစ်နေသည့် အနေအထားဖြစ်ပါကြောင်း၊  ထို့ကြောင့် အဆိုပါအပိုင်းသည် မူလက ကျဉ်းနေသည့်လမ်းပိုင်း ဖြစ်သည့်အတွက် အစိုးရသစ် သုံးနှစ်တာကာလအတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေနှင် ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ်ဆောင်ရွက် ထားခဲ့ပါသော်လည်း ယာဉ်အန္တရာယ်များက အမြဲမပြတ်ဖြစ်နေပါကြောင်း၊ မိမိတို့အနေဖြင့် ၎င်းကိုသွားပြီး စစ်ဆေးသည့်အခါ လမ်းပုခုံးများ နိမ့်ကျနေသည်ကို တွေ့ရှိရသည့်အတွက် လမ်းပုခုံးများကို ဖြည့်ကြိတ်ထားရန်နှင့် နောက်တစ်ခါ Car Rails များ ကာဖို့အတွက်ကိုလည်း လုပ်ထားပြီးဖြစ်ပါကြောင်း၊ လုပ်ထားပြီးဖြစ်သော်လည်း အန္တရာယ်က အခုလုပ်သွားပြီးသည့်အချိန်တွင် ယာဉ်တိုက်မှုက လျော့သွားသော်လည်း ရှိနေသေးသည့်အတွက် ယခုလာမည့် ၁၉၊ ၂၀၊ ၂၁ ပိတ်ရက် သုံးရက်တွင် သွားရောက်ပြီး သေချာစိစစ်ပါမည်။ စိစစ်ပြီးမှ ထပ်မံလိုအပ်သော Road Sailing  နှင့် ပတ်သက်သည့် အချက်ကိစ္စများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။