(ဃ)-တံတားဦးမြို့နယ်၊ မြေငူအခြေခံပညာအထက်တန်းကျောင်းအား ၂၀၁၉ ခုနှစ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၃. ၅. ၂၀၁၉)

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်ခန့်တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စာစစ်ဌာနအား စီမံခွင့်ပြုခဲ့ရာ ယခု ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အဆိုပါစာစစ်ဌာနမှ ကျောင်းသား/သူများ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ခဲ့၍ ဝန်ကြီးဌာနကို ဒေသခံပြည်သူများ၏ကိုယ်စား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ တံတားဦးမြို့နယ်၊ မြေငူအခြေခံပညာ အထက်တန်းကျောင်းအား ၂၀၁၉ ခုနှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိမိတို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြပြီးဖြစ်သည့်အတွက် ဆောင်ရွက်ပြီးလုပ်ငန်း ဖြစ်ပါကြောင်း ဖြေကြားပါသည်။