(င)-ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့ကို ဆက်သွယ်သော ထိပ်စွန်း-သုံးခွ၊ လပွတ္တာလမ်းပေါ်ရှိ ရေပေါ်ကြီးမှ သစ်ပုတ်ထိပ်ကမ်းအထိ ကျန်ရှိနေသေးသော မြေသားလမ်း (၅) မိုင်ကို လာမည့်ဘတ်ဂျက်နှစ်တွင် ဖောက်လုပ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၅.၂.၂၀၁၉)

ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့ကို ဆက်သွယ်သော ထိပ်စွန်း-သုံးခွ (ကျောက်ဖျာလေး) လပွတ္တာလမ်းပေါ်ရှိ ရေပေါ်ကြီးမှ သစ်ပုတ်ထိပ်ကမ်းအထိ ဖောက်လုပ်ရန် ကျန်ရှိနေသေးသော မြေသားလမ်း(၅)မိုင်ကို လာမည့်ဘတ်ဂျက်နှစ်တွင် စတင်ဖောက်လုပ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

းဒေသကြီး၊ မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာသည် မင်းလှမြို့နှင့် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပြီး မင်းလှစစ်စနုတ်-ကန်ဒုတ်တို့၏ လမ်းနှင်‌့တစ်မိုင်အကွာတွင် တည်ရှိနေပါကြောင်း၊ လူဦးရေ အားဖြင့် ၂၈၃၃ ဦးနှင်‌့ အိမ်ထောင်စုပေါင်း ၇၂၇ စုရှိပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်းခွဲ တိုးတက်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဦးရေ ၅၆၇ ဦး ပညာသင်ကြားလျက် ရှိပါကြောင်း၊ ၎င်းဒေသက ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ မင်းလှမြို့ကို မှီခိုအားထားရပါကြောင်း၊ ယခုကဲ့သို့ မှီခိုအားထားရန်အတွက် တောင်ဦးကျေးရွာမှ မင်းလှသို့သွားရာလမ်းကြီးနှင်‌့ တောင်ဦးကျေးရွာသည် တစ်မိုင်ခန့်ဝေးနေပြီး ၎င်းရွာ၏အဝင် ရွာနဘေးမှ ဖြတ်သန်း စီးဆင်းနေသော ချောင်းတစ်ချောင်းလည်း ရှိပါကြောင်း၊ အဆိုပါ ချောင်းသည် ချောင်းရေလာချိန် ငါးနာရီနှင့်ခြောက်နာရီအတွင်း ကြာမြင့်နိုင်ပြီး ချောင်းရေ၏ အမြင့်သည် ကိုးပေမှ ၁၀ ပေအထိ တက်လာပါကြောင်း၊ ချောင်းရေကျသွားပြီးဆိုလျှင်လည်း နှစ်ရက်၊ သုံးရက်ဖြင့်ကားများ၊ ဆိုင်ကယ်များ ကူးရန်အခက်အခဲများ တွေ့နေရပါကြောင်း၊ ယခုလို အခက်အခဲများ ရှိနေသည့်အတွက် ကုန်စည်သယ်ဆောင်မှုများ အခက်အခဲဖြစ်ရပါကြောင်း၊ အခြေခံစားသောက်ကုန်များ ဈေးကြီးခြင်း၊ နှစ်စဉ်ကြုံတွေ့နေရသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် မြွေကိုက်လူနာများ၊ အခြားအရေးကြီး လူနာများ၊ ကျောင်းသား/သူများ လွန်စွာအခက်အခဲပြဿနာနှင်‌့ နှစ်စဉ်ကြုံတွေ့ နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါချောင်းအား ချောင်းရေကျော် (သို့မဟုတ်) ကွန်ကရစ်ရေကျော် တံတားတစ်စင်း တည်ဆောက်ပေးပါရန်နှင့် မည်သည့်နှစ်တွင် တည်ဆောက်ပေး မည်ဆိုသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တောင်ဦးကျေးရွာသည် သရက်-မင်းလှလမ်း  မိုင်တိုင်အမှတ် (၅၆/ဝ) မှ (၅၆/၄) အတွင်းတွင် ရှိပါကြောင်း၊ မင်းလှမြို့နယ်မှ တောင်ဦးကျေးရွာကြား တည်ရှိသည့် ရေဆုံချောင်းတွင် ရေစီးသန်ပြီး မိုးတွင်းရာသီ၌ ပုံမှန်မိုးရွာသွန်းချိန်တွင် ရေအနက် ၆ ‌ပေ၊ အကျယ် ၂၅၀ ပေခန့်ရှိ၍ ချောင်းရေကျချိန်အား ၃ နာရီမှ ၂၄ နာရီအထိ ကြာအောင်စောင့် ဆိုင်းရပြီး မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပါက ရေအနက် ၉ ပေခန့် ရှိပြီး ချောင်းရေကျချိန်ကို ၇ ရက်ခန့် ကြာအောင် စောင်‌့ဆိုင်းရပါသဖြင့် ဒေသခံပြည်သူများမှာ ဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်ပေါ် နေပါသဖြင့် တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊

အဆိုပါ ရေဆုံချောင်းကူး တံတားကို သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးနိုင်ရန် အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေများတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။